လွိုင်ကော်၊ မတ် ၁၄
လွိုင်ကော်မြို့နယ် ထီတရိကျေးရွာအနီးတွင် မတ်လ(၁၁)ရက်နှင့် ယနေ့ (မတ်လ ၁၄) တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေး တပ်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ၇ ဦးထိသေဆုံးခဲ့ကြောင်း လွိုင်ကော် PDF က ယနေ့ ထုတ်ပြန်သည်။
မတ်လ (၁၁)ရက်က လွိုင်ကော် PDF နှင့် KNDF တပ်ဖွဲ့များက လင်ဖုံလမ်းခွဲတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီကိုသွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၂နာရီခန့်ရှိခဲ့ကာ စစ်ကောင်စီလက်ပါးစေ (၄)ဦးမှ(၇)ဦးထိသေဆုံးခဲ့ခြင်းဖြစ်သည်။
“သေသွားတဲ့ စစ်ခွေးခန္ဓာကိုယ်တွေကို ကားတွေနဲ့သယ်သွားတာတော့ မျက်မြင်တွေ့ခဲ့ရတယ် “ ဟု ဒေသခံတစ်ဦး ကလူငယ့်ခေတ် သို့ပြောသည်။
ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကယန်းသာယာဘက်မှ ထီတရိကျေးရွာဝန်းကျင်ကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်လာကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရင်း လွိုင်ကော် PDF မှရဲဘော်မျိုးအောင်(ခ)ပေါလူ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များသည် လင်ဖုံလမ်းခွ အနီးတစ်ဝိုက်ကို မတ်လ(၁၁)ရက်မှ စတင်ကာ နေ့ရောညပါ လက်နက်ကြီးများပစ်ခတ်ခြင်းကို အဆက်မပြတ်လုပ်ဆောင်နေကြာင်းလည်း ဒေသခံများထံ မှ သိရသည်။
Lu Nge Khit
No comments:
Post a Comment