မန္တလေး၊ မတ် ၁၁
မန္တလေးမြို့ အမရပူရမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးနှင့် ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယနေ့နံနက် ၇နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကို အသေးစိတ်မသိရှိရသေးပေ။
"ဗုံးပေါက်ပြီး စခ၂၀လောက်ရောက်လာတယ်။ ခဏလျှောက်ပစ်နေကြသေးတယ်။အဝင်ပေါက်မှာဖြစ်တာ။အထိအခိုက်ကိုမကြားရဘူး"ဟု ပုသိမ်ကြီးမြို့ခံတစ်ဦးကပြောသည်။
ထို့အပြင် ယနေ့နံနက် ၉နာရီခန့်ကလည်း အမ ရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ငါးလုပ်ငန်းဦးစီးဌာနရုံးအနီးတွင် ဗုံးနှစ်လုံးဆင့်ပေါက် ခဲ့သည်။
မန္တလေးမြို့တွင်စစ်တပ်က ယခုရက်ပိုင်း အတွင်း ပိတ်ဆို့စစ်ဆေးမှုကိုလျှော့ချထားပြီး စစ်တပ်ဆန့်ကျင်သူများကို အရပ်ဝတ်များဝတ်ကာ အိမ်စီးကားဖြင့် လိုက်လံဖမ်းဆီးနေသောကြောင့် ပြည်သူအချို့ ဖမ်းဆီးခံရကြောင်း မြို့ခံများထံကသိရသည်။
ထိုသို့စစ်တပ်က ဖမ်းဆီးမှုများရှိနေသလို တစ်ဖက်တွင်လည်း စစ်ကောင်စီသတင်းပေး ဒလန်များ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည်။
Lu Nge Khit
No comments:
Post a Comment