ကော့မှူမြို့နယ်မှာ ပုဒ်မ ၅၀၅နဲ့ ဝရမ်းထုတ်ထားသူကို စစ်တပ်က သေနတ်နဲ့ပစ်သတ်


မတ် ၂၀ ရက်နေ့၊၂၀၂၀

ကော့မှုးမြို့နယ် မြို့ကုန်းကျေးရွာမှာ ဒီကနေ့ မတ်လ ၂၀ရက်နေ့နံနက်ပိုင်းက ပုဒ်မ ၅၀၅ (က) ဖမ်းဝရမ်းထုတ်ထားသူကိုဝင်ရောက်ဖမ်းဆီးရာ သေနတ်နဲ့ပစ်ခတ်ခဲ့၍ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကော့မှူးမြို့နယ်၊ မြို့ကုန်းကျေးရွာ၊ ဇောတိကကျောင်းတိုက်အတွင်း ရှောင်တိမ်နေတဲ့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဝင်ရောက်ဖမ်းဆီးရာထွက်ပြေးလို့ စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့ရာသေဆုံးခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

"လူအများကြီးလေ ထွက်ပြေးလိုက်ဖမ်းလို့ရတယ် ပြန်ခုံခံတာလဲ မဟုတ်ဘူး အဲ့ဒါကို ခေါင်းကိုတည်ပြီး ပစ်တာ ပွဲချင်းပြီးသေသွားတာ"လို့ ပြောပါတယ်။

သေဆုံးသူမှာ ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုသန့်ဇင်ဦးဆိုသူဖြစ်ပြီး အားမာန်ပရဟိတအသင်းဥက္ကဌလည်း ဖြစ်ကာ ဦးခေါင်းနဲ့ခြေထောက်ကို သေနတ်နှစ်ချက်ထိမှန်၍ သေဆုံးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်တလောမှာ အဆိုပါကိစွနဲ့စစ်တပ်အထက်အရာရှိများက စုံခုံစစ်ဆေးရေးပြုလုပ်မှာစိုး၍ သေဆုံးသူတွင် သေနတ်အရှည်တစ်လက်ပါလာ၍ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သတင်းပို့ပေးထားတယ်လို့ သူကရှင်းပြပါတယ်။

သေဆုံးသူကိုသန့်ဇင်ဦးမှာ  ရိုးရိုးအေးအေး‌နေသူတက်တစ်ဦးဖြစ်ပြီး ကိုဗစ်ကာလတွေမှာလည်း မြို့နယ်အတွင်းမှာ သူတည်ထောင်ထားတဲ့အားမာန်ပရဟိတအသင်းနဲ့ ပြည်သူတွေရဲ့ကျန်းမာရေးအခက်အခဲကို ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။


Salween Press

ကော့မှူမြို့နယ်မှာ ပုဒ်မ ၅၀၅နဲ့ ဝရမ်းထုတ်ထားသူကို စစ်တပ်က သေနတ်နဲ့ပစ်သတ် ကော့မှူမြို့နယ်မှာ ပုဒ်မ ၅၀၅နဲ့ ဝရမ်းထုတ်ထားသူကို စစ်တပ်က သေနတ်နဲ့ပစ်သတ် Reviewed by THITHTOOLWIN on 22:56 Rating: 5

No comments:

Powered by Blogger.