ပြင်ဦးလွင်၊ မတ် ၁၁
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် မန္တလေးမှ ပြင်ဦးလွင်သို့ ဆန်တက်လာသည့် ရထားတွဲကို ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအနီး၌ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူကပြောသည်။
"လူစီးတွဲမှာ လူမပါပါဘူး။ ရဲခွေး ၅ ယောက်ကတော့ ရထားပေါ်မှာ အမြဲပါတယ်။ စစ်ကောင်စီနဲ့ NON CDM မီးရထား၀န်ထမ်းတွေကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
စက်ခေါင်း ၊ ကျောက်တိုင်တင်ထားသည့်အတွဲတစ်တွဲနှင့် လူစီး ၃တွဲပါရှိသည့် ရထားကို မတ်လ ၁၁ ရက် နေ့လည်ပိုင်းတွင် ပြင်ဦးလွင်ဘူတာနှင့် အနီးစခန်းဘူတာကြား (ဆင်လမ်း) တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စက်ခေါင်းကို အဓိကထား၍ အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုကို စုံစမ်းနေဆဲသာဖြစ်သည်ဟု ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူကပြောသည်။
Lu Nge Khit
No comments:
Post a Comment