ပုံစာ၊ ကမ်းနားလမ်းညဈေးမြင်ကွင်း/ ပုံဟောင်း |
မတ် - ၁၇
မန္တလေးမြို့၌ စစ်အုပ်စုနှင့် ဆက်စပ်သူတစ်ဦးကို ကမ်းနားလမ်း ညဈေးအိမ်သာအနီးတွင် ယနေ့ညနေပိုင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်းနှင့် (၄၁)လမ်းထောင့်ရှိ ကုန်စိမ်းညဈေး(ဝေယံထွန်းဈေး) မြောက်ဘက်ခြမ်းရှိ ဈေးအိမ်သာ အနီးတွင် လူတစ်ဦးကို သေနတ်ဖြင့် သုံးချက် အပစ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
သေနတ်ဖြင့် အပစ်ခံရသူသည် ကိုကျော်သန်းမိုး ဟု ခေါ်သူဖြစ်ပြီး စကစနှင့် ဆက်စပ်ရှိသူ တစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
" ဗိုက်ကို သုံးချက်ပစ်ခံရတယ်လို့ကြားတယ်၊ သေမသေတော့မသိရသေးဘူး " ဟု ၎င်းက MFP သို့ ပြောသည်။
အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးပေ။
မန္တလေးမြို့ရှိ စစ်အုပ်စုနှင့် နီးစပ်သူများကို ပြောက်ကျားတပ်ဖွဲ့များက သတိပေးပစ်ခတ် ရှင်းလင်းလေ့ရှိသည်။
Mandalay Free Press - MFP
စစ်အုပ်စုနှင့် ဆက်စပ်သူတစ်ဦး ကမ်းနားလမ်းညဈေးအိမ်သာအနီး၌ ပစ်ခံရ
Reviewed by THITHTOOLWIN
on
23:48
Rating:
No comments:
Post a Comment