နဘုလယ်မှာ ပျူစောထီးအဖွဲ့ခေါင်းဆောင်ရဲ့နေအိမ် မီးရှို့ခံရ

ဓာတ်ပုံ - ဦးမင်းမင်း

တနင်္သာရီတိုင်းမ် ၊ မတ် ၂၃ 

နဘုလယ်ဒေသက ပျူစောထီးအဖွဲ့ခေါင်းဆောင်လို့နာမည်ကြီးသူရဲ့နေအိမ် ဒီနေ့ညနေ ၆နာရီဝန်းကျင်က မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ 

မီးရှို့ခံရတဲ့နေအိမ်ဟာထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊နဘုလယ်ဒေသ ၊ပရဒတ်ကျေးရွာက ပျူစောထီးအဖွဲ့ခေါင်းဆောင်ဆိုသူ ဦးမင်းမင်း(ခ)မင်းဘာလီရဲ့ နေအိမ်ဖြစ်တယ်လို့ဆိုပါတယ်။ 

ဦးမင်းမင်းဟာ ပရဒတ်ရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်တယ်လို့သိရပါတယ်။ 

"သူက အိမ်မှာတော့မရှိတော့ဘူး။ သူ့အိမ်မီးလောင်တော့ ဘယ်သူမှမီးဝင်ငြိမ်းမပေးရဲဘူးလေ။ သူကခြံဝင်းထဲမှာမိုင်းထောင်ထားတယ်လို့ ရွာထဲမှာသတင်းလွှင့်ထားတာကိုး" လို့ ရွာခံတစ်ဦးကပြောပါတယ်။ 

သူဟာစစ်တပ်နဲ့ပေါင်းပြီး ရွာခံတွေဆီကငွေညှစ်တာ၊ စက်လှေပိုင်ရှင်တွေဆီက မတရားငွေကြေးတောင်းခံတာတွေကို သူဦးဆောင်ပြုလုပ်နေသူဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ 

လွန်ခဲ့တဲ့ ၁၀ရက်ခန့်ကလည်း နဘုလယ်ဒေသ၊ထိန်ကြီးကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင် ဦးညဏ်ရီ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ဖူးပါတယ်။


The Tanintharyi Times

နဘုလယ်မှာ ပျူစောထီးအဖွဲ့ခေါင်းဆောင်ရဲ့နေအိမ် မီးရှို့ခံရ  နဘုလယ်မှာ ပျူစောထီးအဖွဲ့ခေါင်းဆောင်ရဲ့နေအိမ် မီးရှို့ခံရ Reviewed by THITHTOOLWIN on 20:30 Rating: 5

No comments:

Powered by Blogger.