သန်လျင်မြို့ ပျူစောထီး သင်တန်းဆင်း စကစ သတင်းပေး ရာအိမ်မှူး ထွေးသိန်းအား သန်လျင် ပကဖ မှ ယနေ့ သုတ်သင်ရှင်းလင်း
(မတ် ၂၀)
သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ ပျူစောထီး သင်တန်းဆင်း စကစ သတင်းပေး အုပ်ချုပ်ရေးဒေါက်တိုင် ရာအိမ်မှူး ထွေးသိန်းအား ယနေ့ ၁၀ နာရီ ၄၆ မိနစ်တွင် သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ ကျည် ၆ တောင့်ဖြင့် ပြည်သူ့ပြစ်ဒဏ် ပေးခဲ့ပြီး သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။
ထွေးသိန်းသည် ရပ်ကွက်ထဲတွင်လည်း ပုဆိုးလှန်၍ အမျိုးသမီးများအရှေ့တွင် မဖွယ်မရာများ ပြုလုပ်ခဲ့ကြောင်း၊ ကျဆုံးသွားသော သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ဖြိုးကြီး၏ မပြီးဆုံးခဲ့သေးသော တာဝန်များထဲမှ တစ်ခုအားဖြည့်ဆည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ မဖွယ်မရာ အားလည်း ဆင့်ကဲ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျည် ၆ တောင့် အသုံးပြုလိုက်ရကြောင်း သန်လျင် ပကဖ တာဝန်ရှိသူထံမှ ကြားသိရပါသည်။
စကစ ၏ အုပ်ချုပ်ရေး ပစ်မှတ်၊ စစ်ရေးပစ်မှတ်နှင့် စီးပွားရေးပစ်မှတ်များအား အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း သန်လျင် ပကဖက ပြောကြားခဲ့ပါသည်။
ထို့ပြင် `ပြည်သူနှင့်အတူ ရပ်တည်ပါ´ `ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်´ ဟုလည်း သန်လျင် ပကဖမှ ပြည်သူများသို့ ပြောကြားခဲ့ပါသည်။
Khayan Channel
No comments:
Post a Comment