ပုလဲ၊ မတ်၆
ပုလဲမြို့နယ်အနီးတွင် မတ်လ ၅ရက်ညက ကင်းလှည့်နေသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ထံ မှ သိရသည်။
" အဲဒီကောင်တွေ ညတိုင်း ပုလဲမြို့နယ်ကထွက်ထွက်လာပြီး ရွာတွေကို လက်နက်ကြီးနဲ့လိုက်ထုနေတဲ့ကောင်တွေ၊ ညကမိုင်းဆွဲတာ ဆလွန်းကားနဲ့ ဆိုင်ကယ်၂စီးထိတယ်။ စခ ၈ကောင်၉ကောင်လောက်တော့သေတာသေချာတယ် " ဟု ဒေါင်းနက်ပြောက်ကျား တပ်ဖွဲ့ က တာဝန်ရှိသူ တစ်ဦးက လူငယ့်ခေတ် သို့ပြောသည်။
စစ်ကိုင်းရှိ မြို့နယ်များကို အင်တာနက်ဖြတ်တောက်ပြီးနောက် ပုလဲမြို့နယ် ရှိရွာများကို ညပိုင်းတွင် လက်နက်ကြီးဖြင့်လာရောက်ပစ်ခတ်ခဲ့ပြီး ညောင်ကုန်းရွာသို့ လက်နက်ကြီး ၂လုံး ကျရောက်ခဲ့ကြောင်း ကျားနက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်တာနက်ဖြတ်တောက်ပြီး မတ်လ ၄ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီက ဖိနှိပ်မှု များစွာလုပ်ဆောင်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၀ ဦးထက်မနည်းသတ်ဖြတ်ခံရကြောင်း Taze Support Organization - TSO က ထုတ်ပြန်ထားသည်။
အဆိုပါတိုင်းဒေသကြီးရှိ မြို့နယ်တချို့ကို မတ်လ ၄ ရက်ကစတင်ပြီး စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
အင်တာနက်အခက်ခဲများကြောင့် အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် စစ်ကိုင်း၊ ကလေး၊ ရွှေဘို၊ မုံရွာမြို့နယ်များမှလွဲ၍ တခြားမြို့နယ်အားလုံးကို အကြမ်းဖက်စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်မှုများ စတင်လုပ်ဆောင်နေပြီး ကျေးရွာများကိုမီးရှို့ခြင်း အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းများလုပ်ဆောင်ကာ လူအခွင့်ရေးချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်းလည်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
Lu Nge Khit
No comments:
Post a Comment