မြိတ်မှာ စစ်ကားတစ်စီး မိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်သား ​၁၀ ဦး ဝန်းကျင်သေ


တနင်္သာရီတိုင်းမ်၊ မတ် ၁၁ 

စစ်ကားတစ်စီးနဲ့ဆိုင်ကယ်နှစ်စီး မိုင်းဆွဲခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က မြိတ်မြို့နယ်၊ ဘဲမဒီရွာနဲ့ကျောက်လုံးကြီးရွာအကြားမှာ မိုင်းနှစ်လုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်(MPFF) တာဝန်ရှိသူက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို KNU၊ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPFF)၊ မြိတ်ကရင်ပူးပေါင်းတပ်ဖွဲ့(MKLPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်သေဆုံးခဲ့တယ်လို့ MPFF တာဝန်ရှိသူကဆိုပါတယ်။ 

"ပါလာတာက ၂၀ နီးပါး၊ ကားကလုံးဝကိုပျက်စီးသွားတယ်။ ကျနော်တို့မှာ အထိအခိုက်အကျဆုံးမရှိပါဘူး" လို့ ၎င်းကပြောပါတယ်။ 

အဲဒီနောက် ပုလောဖက်က ဆင်းလာတဲ့ စစ်ကားလေးစီးကိုလည်း အဲဒီည ၁၂ နာရီဝန်းကျင်ခန့်မှာ ပုလော PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ပုလောမြို့နယ်က ထားဝယ်-မြိတ်ကားလမ်းပေါ်မှာရှိတဲ့ မင်းထိန်ရွာနဲ့ ကဒဲရွာကြားမှာ မိုင်းဆွဲခဲ့တာလို့ ဒေသခံတွေထံကသိရပါတယ်။ 

မိုင်းဆွဲပြီးနောက် စစ်ကောင်စီဘက်က သေနတ်တွေနဲ့ တောထဲကို အချက်တစ်ရာနီးပါးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

မိုင်းဆွဲခံရတာကြောင့် စကစတပ်ဟာရှေ့ဆက်မသွားနိုင်ဘဲ အဲအနီးက ကဒဲရွာမှာပဲ ညအိပ်လိုက်တယ်လို့သိရပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ရဲ့ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူး။ 


The Tanintharyi Times

မြိတ်မှာ စစ်ကားတစ်စီး မိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်သား ​၁၀ ဦး ဝန်းကျင်သေ မြိတ်မှာ စစ်ကားတစ်စီး မိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်သား ​၁၀ ဦး ဝန်းကျင်သေ Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.