မိုးကုတ်မြို့အဝင် စစ်ဆေးရေးဂိတ် မိုင်းခွဲခံရ၍ စစ်ကောင်စီလက်ပါးစေ တစ်ဦးသေ (၈) ဦး ပြင်းထန်ဒဏ်ရာရ


မိုးကုတ်၊ မတ်လ (၇)

မန္တ‌လေး - မိုးကုတ်လမ်းပိုင်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ယနေ့ နံနက်က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်သည်။

အဝေးထိန်းမိုင်းအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ (၈) ဦးပြင်းထန်ဒဏ်ရာ ရရှိသွားသည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

မိုင်းခွဲတိုက်ခိုက်ခြင်းကြောင်း ပိတ်ဆို့သွားခဲ့သည့် မန္တလေး - မိုးကုတ် လမ်းပိုင်းမှာလည်း ယနေ့ ညနေပိုင်းတွင် ပြန်လည်ပွင့်သွားခဲ့ပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် မိုးကုတ်မြို့နယ်အဝင်တွင် ပုံမှန်စစ်ဆေးရေးဂိတ်တစ်ခုကို ထားရှိပြီး အရပ်သားပြည်သူများအပေါ် စစ်ဆေးမှု ပြုလုပ်လေ့ရှိကြောင်း ယခုမိုင်းဆွဲတိုက်ခိုက်ခံရသည်စစ်ဆေးရေးဂိတ်သည် မတ္တရာမြို့ပေါ်ရှိ စစ်ဆေးရေးဂိတ်ဖြစ်ကြောင်း မြို့ခံများက လူမှုကွန်ရက်ပေါ်တွင် ပြောဆိုထားသည်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်လည်း စစ်ကောင်စီတပ်သားများ၊ တပ်စခန်းများ ၊ စစ်ဆေးရေးဂိတ်များ၊ ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထားကာ ထိုးစစ်ဆင်မည်ဟု ကြေညာထားသည်။


Lu Nge Khit

မိုးကုတ်မြို့အဝင် စစ်ဆေးရေးဂိတ် မိုင်းခွဲခံရ၍ စစ်ကောင်စီလက်ပါးစေ တစ်ဦးသေ (၈) ဦး ပြင်းထန်ဒဏ်ရာရ မိုးကုတ်မြို့အဝင် စစ်ဆေးရေးဂိတ် မိုင်းခွဲခံရ၍ စစ်ကောင်စီလက်ပါးစေ တစ်ဦးသေ (၈) ဦး ပြင်းထန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:35 Rating: 5

No comments:

Powered by Blogger.