စစ်ကိုင်းက ပျူစောထီးလုပ်ငန်းတက်ကြွ ခေါင်းဆောင် လင်မယားရှင်းလင်းခံရ


မတ်လ ၅ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရှားပင်ကန်ရွာက ပျူစောထီးခေါင်းဆောင်လင်မယားကို ဒီကနေ့ မနက်အစောပိုင်းကရှင်းလင်းခဲ့တယ်လို့အာဏာ ရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က ထုတ်ပြန်ပါတယ်။

ရှင်းလင်းခံရတဲ့ ဆန်းဌေးနဲ့ မိန်းမဖြစ်သူ သန်းနုတို့ဟာ အဲ့ဒီဒေသရဲ့ပျူစောထီးခေါင်းဆောင်တွေဖြစ်ပြီးတော့ နှစ်ဦးစလုံးသေဆုံးတယ်လို့သိရပါတယ်။

၄င်းတို့မှာ ပျူစောထီးတပည့်အဖွဲ့ဝင်အများအပြားရှိပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကိုဖိနှိပ်တာနဲ့ စစ်ကောင်စီတပ်ရဲ့ညွှန်ကြားချက်တွေအတိုင်း ပျူစောထီးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့သူတွေလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၇၇ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီးလက်နက် ၂၀၈၀ တပ် ဆင်ပေးထားတယ်လို့ စစ်ကောင်စီဘက်ကပေါက်ကြားလာတဲ့အစည်း အဝေးမှတ်တမ်းတွေအရသိရပါတယ်။


Ayeyarwaddy Times 

စစ်ကိုင်းက ပျူစောထီးလုပ်ငန်းတက်ကြွ ခေါင်းဆောင် လင်မယားရှင်းလင်းခံရ စစ်ကိုင်းက ပျူစောထီးလုပ်ငန်းတက်ကြွ ခေါင်းဆောင် လင်မယားရှင်းလင်းခံရ Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.