မြို့သစ်၊ မတ် ၅၊ ၂၀၂၂။
မကွေးတိုင်း၊ မြို့သစ်မြို့က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို မနေ့ညနေ ၅ နာရီလောက်က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရွှေပန်းအုပ်စု၊ အုပ်ချုပ်ရေးမှူးကိုသိန်းဟန်ဆိုသူဖြစ်ပြီး လမ်းမှာပဲ စောင့်ကြည့်သုတ်သင်ခံရတာလို့ သိရပါတယ်။
"သိန်းဟန်က ရွှေပန်းအုပ်စု၊ မြောက်မီးကုန်းရွာသားဗျ။ မြောက်မီးကုန်းရွာနားမှာပဲ စောင့်ကြည့်သုတ်သင်ခဲ့တာပါ။ လမ်းမှာ သုတ်သင်ခဲ့တာပါ" လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တာဝန်ရှိသူက ပြောပါတယ်။
ကိုသိန်းဟန်ဟာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးဖြစ်တဲ့အပြင် မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း တော်လှန်ရေးအင်အားစုတွေရဲ့ တည်နေရာတွေကို လိုက်လံပြသခြင်းတွေ ပြုလုပ်ခဲ့လို့ ရှင်းလင်းလိုက်ရခြင်းဖြစ်ပြီး၊ သူနဲ့အတူ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်နေတဲ့ အပေါင်းပါတွေကိုလည်း ဆက်လက်မလုပ်ဆောင်ဖို့ သတိပေးလိုက်တာလို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ညနေည ၈ နာရီခွဲလောက်ကလည်း မြို့သစ်မြို့အနီး၊ တောင်တွင်းကြီးမြို့နယ်၊ ဇီးတောအုပ်ချုပ်ရေးမှူး ကိုနန်းတင်နဲ့ ဒလန်အဖြစ်သတ်မှတ်ခံရသူ ကိုဌေးမောင်တို့ကိုလည်း ဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့က သုတ်သင်ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment