စစ်ကောင်စီက ကလေးများကစားနေသည့်နေရာကို လက်နက်ကြီးဖြင့်ပစ်သဖြင့် ကလေး (၃) ဦးသေဆုံး


လွိုင်ကော်၊ မတ်လ (၈)

အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဆော့ကစားနေသည့် ကလေးငယ် (၃) ဦး သေဆုံးခဲ့ပြီး (၂) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ကယန်းမျိုးဆက်သစ်လူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

ယနေ့ မတ်လ (၈) ရက်နေ့ မနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ လွယ်ထွဲကျေးရွာ အားကစားကွင်းရှိ အရိပ်ရသစ်ပင်ကြီးအောက်တွင် ဆော့ကစားနေသည့် ကလေးငယ်အချို့ရှိသည့်နေရာ လက်နက်ကြီးတည့်တည့်ကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

"လွယ်ထွဲရွာက အချို့လည်း စစ်ဘေးရှောင်နေကြတာရှိတယ်။ အချို့လည်းရွာထဲမှာပဲ ဆက်နေကြတယ်။ အဲရွာက ပအိုဝ်လူမျိုးတွေ များတယ်။" ဟု ကယန်းမျိုးဆက်သစ်လူငယ်များအဖွဲ့မှ တာ၀န်ရှိသူက ပြောသည်။

လက်ရှိအချိန်၌ စစ်ကောင်စီတပ်သည် ကယား (ကရင်နီ) ပြည်နယ်ကို ထိုးစစ်ဆင်နေပြီး ဒီးမော့ဆိုမြို့နယ်မှ ထိုးဖောက်ရန် ကြိုးစားနေကာ မတ်လ (၅) ရက်နှင့် (၆) ရက် နှစ်ရက်တာကာလအတွင်း ၎င်းတို့၏ စစ်သား (၈၅) ဦးကျော် သေဆုံးခဲ့သည်။

ယနေ့ နံနက်ပိုင်းကလည်း ကယားအပြင် စစ်ကိုင်းတိုင်းရှိ ယင်းမာပင်မြို့နယ်၊ လက်ပံတောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကလေးတစ်ဦးအပါအဝင် (၄) ဦးသေဆုံးခဲ့သေးသည်။


Lu Nge Khit

စစ်ကောင်စီက ကလေးများကစားနေသည့်နေရာကို လက်နက်ကြီးဖြင့်ပစ်သဖြင့် ကလေး (၃) ဦးသေဆုံး စစ်ကောင်စီက ကလေးများကစားနေသည့်နေရာကို လက်နက်ကြီးဖြင့်ပစ်သဖြင့် ကလေး (၃) ဦးသေဆုံး Reviewed by THITHTOOLWIN on 19:17 Rating: 5

No comments:

Powered by Blogger.