ဓာတ်ပုံ - Local |
မတ်လ ၈ ရက်၊ မူဆယ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မြောက်ရက်ကွက်တောရပ်ကုန်းအဆင်းနားမှာ ဒီနေ့ မတ်လ ၈ ရက် နေ့လည်၁၂ နာရီမှာ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လက်ရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်က ၂ ဦးပွဲချင်းပြီး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိ တယ်လို့ သိရပါတယ်။
မြို့ခံတစ်ဦး“မြောက်ရပ်ကွက်က ပြည်သူ့စစ်နားရေး အိမ်မှာ လာပစ်သွားတာ။ ဘယ်အဖွဲ့လည်းတော့ မသိဘူး။ ချက်ချင်းဆိုတော့ ဘယ်သူမှ မသိလိုက်ဘူး”လို့ ရွေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်မှာလည်း မူဆယ်မြို့ မြို့မဈေးလမ်းဘေးမှာ ကားစီလာတဲ့ ကောင်းခါးပြည်သူ့စစ် ၁ ဦး ကားပေါ်မှာ ပစ်သတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ မကြာခဏပစ်ခတ်မှုတွေ၊ ဓားမြတိုက်မှု၊ လုယှက်မှုတွေ ဖြစ်ပွားနေပါတယ်။
Shwe Phee Myay News Agency
မူဆယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တစ်ခု ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
18:57
Rating:
No comments:
Post a Comment