မန္တလေး၊ မတ် ၂၁
မန္တလေး - နေပြည်တော်လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီယာဥ်တန်းကို ယနေ့ (မတ် ၂၁ရက်) နံနက်ပိုင်းက လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတစ်စီးထိမှန်ခဲ့ပြီး မီးလောင်ကာ ၅ ဦးထက်မနည်း ထိခိုက် နိုင်ကြောင်း Ranger Of Mandalay အဖွဲ့က ထုတ်ပြန်သည်။
"စကစ ကားတန်းကို 40mm အပေါ့စား လောင်ချာဖြင့် အသီး ၃ လုံးကျွေးခဲ့ပါတယ်၊ စကစ ကားတစ်စီး ထိမှန်ပြီး မီးလောင်ကာ ၅ ယောက်ထက် မနည်းထိခိုက်နိုင်ပါတယ်"ဟု ROM က ထုတ်ပြန်ပြောဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Ranger Of Mandalay အဖွဲ့နှင့် မန္တလေး မြို့ပြပြောက်ကျားအဖွဲ့များက ပူးပေါင်းလုပ် ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်များအခြေစိုက်ရာနေပြည်တော် မြို့ကို မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်သွားမည်ဟု ကြေ ညာထားပြီး မနက်ဖြန် (မတ် ၂၂ ရက်) နောက်ဆုံးထား၍ နေပြည်တော်မှ ပြည်သူများပြောင်းရွေ့ကြရန်လည်း အနက်ရောင်သေမင်းအဖွဲ့က ထုတ်ပြန်ထားသည်။
Lu Nge Khit
No comments:
Post a Comment