ပွင့်ဖြူမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး

 


ပွင့်ဖြူ၊ မတ် ၁၉၊ ၂၀၂၂။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာအနီးမှာ မတ်လ ၁၈ ရက် မနေ့ကည ၁၀ နာရီခန့်က စစ်ကောင်စီနဲ့ ပွင့်ဖြူ PDF တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကောင်စီတပ်တွေက ပွင့်ဖြူမြိုနယ် အနောက်ဘက်ပိုင်း မဇလီရွာအနီးမှာ ကင်းလှည့်နေချိန် ည ၉ နာရီခွဲလောက်မှာ ပွင့်ဖြူ PDF က အသံမိုင်း ၁ လုံးနဲ့ ဟန်ပြဖောက်ခွဲပြီးတဲ့နောက် အဲ့ဒီပေါက်ကွဲတဲ့နေရာကို စစ်သားတွေရောက်လာချိန်ကျမှ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ချိန် မိနစ် ၂၀ လောက်ကြာခဲ့ တယ်လို့  People's Defence Force Pwintbyu တာဝန်ခံက ပြောပါတယ်။ 

"ညပိုင်းမှာ စစ်ကောင်စီတပ်တွေ လှည့်ကင်းထပ်လှည့်တယ်။ ကင်းပတ်တဲ့အချိန်မှာ ဆိုင်ကယ်နဲ့ကားတစီးနဲ့ အင်အားစုစုပေါင်း ၁၅ ယောက် ကင်းလှည့်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေက သူတို့သွားမှန်းသိလို့ အသံမိုင်း ၁ လုံး ကို ၉ နာရီခွဲ ၁၀ နာရီမထိုးခင်မှာ ခွဲလိုက်တယ်။ အဲဒီအသံမိုင်းခွဲတာကိုကြားလို့မလို့ သူတို့လာတာမှာ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ၊ ထိတွေ့တိုက်ပွဲဖြစ်တာ မိနစ် ၂၀ လောက်ကြာပါတယ်" လို့ သူကပြောပါတယ်။

ဒီတိုက်ပွဲမှာ ပွင့်ဖြူ PDF က ရဲဘော်တွေအနေနဲ့ လက်လုပ်တူမီလက်နက်တွေကိုသာ အသုံးပြု တိုက်ခိုက်ခဲ့ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ပွင့်ဖြူမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး ပွင့်ဖြူမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:10 Rating: 5

No comments:

Powered by Blogger.