တောင်တွင်းကြီးမြို့နယ်မှာ စာသင်ကျောင်းကို ခြိမ်းခြောက်စာပို့ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူ ၃၀ နီးပါး စစ်ကောင်စီဖမ်းဆီး
မကွေး၊ မတ်၅၊ ၂၀၂၂။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ သဲဖြူကျေးရွာက ဒေသခံပြည်သူ ၃၀ဝန်းကျင်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက ဖမ်းခိုင်းလို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
သဲဖြူကျေးရွာဟာ မနေ့က အသတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှုးနဲ့ ဒလန်နေထိုင်တဲ့ ချင်းသပြေပင်ကျေးရွာနဲ့ ကပ်လျက်ရှိတဲ့ ကျေးရွာတခုဖြစ်ပြီး အရှိုချင်းအများစုနေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၃၀ ဝန်းကျင်မှာ အရှိုချင်းလူမျိုး အများဆုံးပါဝင်ပြီး အမျိုးသားရော အမျိုးသမီးပါ ပါဝင်သလို ဘာကြောင့်ဘယ်နေရာကို ဖမ်းခေါ်သွားတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
" သဲဖြူရွာ အုပ်ကြီးကခေါ်ပြီးဖမ်းခိုင်းတာ စာသင်ကျောင်းကို ခြိမ်းခြောက်စာပို့ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းခေါ်သွားတာလို့တော့ သိထားတယ်" လို့ ဒေသခံ တဦးက ပြောပါတယ်။
ကျေးရွာအတွင်းရှိတဲ့ လူငယ် ၃၀ ဝန်းကျင်နီးပါး ဖမ်းဆီးခံရပြီး လယ်ယာလုပ်ငန်းသွားနေသူတွေသာ ဖမ်းဆီးမခံရပဲ ကျန်နေပြီး လက်ရှိမှာ သဲဖြူကျေးရွာစာသင်ကျောင်းမှာ စစ်မေးနေတယ်လို့လည်း အခြားသတင်းအရင်းအမြစ်တခုဆီက သိရပါတယ်။
" ခုလောလောဆယ်၊ သဲဖြူရွာကလူငယ်တွေ၃၀လောက်စာသင်ကျောင်းထဲမှာစစ်နေပါတယ်၊ အဲရွာကအုပ်ကြီးက စခတွေကိုလှမ်းခေါ်တယ်ကြားပါတယ်၊ သဲဖြူဆိုတဲ့ရွာကချင်းရွာပါ၊ အုပ်ကြီးကလည်းချင်းပါ" လို့ ပြောပါတယ်။
အဲ့ဒီသဲဖြူကျေးရွာမှာ စစ်ကောင်စီက စာသင်ကျောင်းဖွင့်ထားပြီး စာသင်တာတွေလုပ်နေလို့ သတိပေးခြိမ်းခြောက်စာ ပို့ခံရပြီး အခုလို ဖမ်းဆီးတာတွေလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment