ရန်ကုန်၊ မတ် ၂၁
ဆက်သွယ်ရေးအော်ပရေတာများက နံပါတ် ၄ လုံးဖြင့် မကြာခဏဖုန်းခေါ်ဆိုခြင်းနှင့် ပရိုမိုးရှင်း SMS များကို အကြိမ်များစွာ ပေးပို့နေခြင်းသည် တော်လှန်ရေးအတွက် မိုင်းဆွဲတိုက်ခိုက်သည်ကို ရည်ရွယ်ချက်ရှိစွာ နှောင့် ယှက်နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ရှိ မြေအောက် တော်လှန်ရေးသမားတစ်ဦးက လူငယ့်ခေတ် သို့ပြောသည်။
မိုဘိုင်းဖုန်းဖြင့် မိုင်းတပ်ဆင်သည့်အခါ ကြားခံနည်းပညာများ မပါရှိပါက ဖောက်ခွဲမှုမတိုင်ခင် အော်ပရေတာမှ ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်းကြောင့် စနစ်တံမှ အလုပ်လုပ်ကာ သက်မှတ်ချိန်မရောက်ခင် ပေါက်ကွဲခြင်း ဖြစ်ပွားတတ်ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
"မိုင်းအများစုက ဆင်းမ်ကတ်အသုံးပြုပြီး ခွဲကြတာ။ အော်ပရေတာတွေရဲ့ နံပါတ် ၄ လုံးနဲ့ SMS က ဒုက္ခပေးတယ်။ ကျော်လွှားတဲ့ နည်းကိုသုံးရင်သုံး မသုံးရင် ကိုယ့်မိုင်းကိုယ့်ပြန်ထိရော" ဟု ၎င်းကထပ်မံပြောသည်။
ထိုသို့ ဖုန်းခေါ်ဆိုခြင်းနှင့် SMS များပေးပို့ခြင်းသည် အော်ပရေတာများ၏ စီးပွားရေးလုပ်ပိုင်ခွင့်ဖြစ်သော်လည်း အာဏာမသိမ်းခင်ကာလနှင့် အာဏာသိမ်းပြီးနောက်နှိုင်းယှဉ် ကြည့်မည်ဆိုပါက အော်ပရေတာများဘက်မှ ၂ ဆ တိုးကာ လုပ်ဆောင်နေသည်ဟုလည်း ၎င်းကမှတ်ချက်ပြုသည်။
စက်လက်နက်ပစ္စည်းများအကြောင်း အင်တာနက်ပေါ်၌ ဗဟုသုတဖြန့်ဝေပေးနေသူတစ်ဦးကလည်း အဆိုပါ အခြေအနေများကြောင့် တော်လှန်ရေးလုပ်ငန်းစဉ်များ အနှောင့်အယှက်မဖြစ်စေရန်အတွက် မိုင်းနှင့် မိုင်းခလုတ် အကြား Safe Switch ကိုမဖြစ်မနေ ထည့်သွင်းအသုံးပြုရန် အကြံပြုသည်။
"မိုင်းတစ်လုံးကွဲဖို့ဆိုတာ လိုအပ်တဲ့ လျပ်စစ်ဗို့အား စီး၀င်မှသာ စနစ်တံကအစပြုပြီးကွဲတာပါ။ SMS အသုံးပြုပြီး ခွဲမယ့်မိုင်းကတော့ Call နဲ့ ခွဲတဲ့ မိုင်းထက်ပိုအန္တရာယ်များတော့ မလုပ် သင့်ပါဘူး"ဟု ၎င်းကပြောသည်။
လက်ရှိအချိန်၌ ဆက်သွယ်ရေးအော်ပရေတာများသည် တစ်ရက်လျှင် နံပါတ် ၄ လုံးဖြင့် ဖုန်း ၂ ကြိမ်ထက်မနည်း ခေါ်ဆိုလေ့ရှိပြီး ပရိုမိုရှင်း SMS များကို ၅ ကြိမ်မှ ၁၀ ကြိမ်အထိ ပေးပို့လေ့ရှိသည်။
Lu Nge Khit
No comments:
Post a Comment