(ပုံဟောင်း) |
မတ် - ၇
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အရှေ့ရပ်ကွက်မှာ ယနေ့ မနက်ပိုင်း ရပ်ကွက် အကွက်မှူးတစ်ဦး သေနတ်နဲ့ သုံးချက်ပစ်သတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီကနေ့ မတ်(မတ်၇)ရက် မနက်(မနက်၈)နာရီက မဟာအောင်မြေမြို့နယ် သံလျှက်မှော် အရှေ့ရပ်ကွက်၊ ရွှေကူရပ်ကွက်ခေါ် အကွက်အမှတ်(၄၁၃)ရဲ့ အကွက်မှူး အသက် (၅၀)ဝန်းကျင်အရွယ် ဦးတင်မျိုးလွင် ဆိုသူ အသတ်ခံလိုက်ရတာပါ။
မန္တလေးမြို့ (၄၁)လမ်းနဲ့ လမ်း(၉၀)အနီး ဆိုင်ကယ်မောင်းနှင်လာချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နောက်ကျော၊ ခါး၊ လက်မောင်း စတဲ့ နေရာတွေကို သေနတ်မှန် သေဆုံးတာလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရောက်လာပြီး လမ်းတချို့ကိုပိတ်ကာ အနီးအနားက ဒေသခံတွေကို အော်ဟစ် ရန်ပြုပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေးတာ၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက် ဖိနှိပ်တာတွေ လုပ်နေပြီး တချိန်တည်းမှာပဲ မန္တလေးမြို့က စစ်ကောင်စီနှင့် ဆက်စပ်တဲ့သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment