ကျောက်ဆည်၊ မတ် ၂၅၊ ၂၀၂၂။
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်စက်မှု ၁နယ်မြေ ရဲစခန်းကို ဒီနေ့ မနက် ၃နာရီကျော်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲ ၁၂ဦး သေဆုံးခဲ့တယ်လို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့တာဝန်ခံဆီက သိရပါတယ်။
အခွင့်အရေးရတုန်း သွေးကြွေးဆပ်တဲ့ အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
" စိက်ကျန်းမာရေး ချိုတဲ့နေတဲ့ ခလေးငယ် တစ်ဦးအား လူစိက်ကင်းမဲ့စွာ ရက်ရက်စက်စက်သက်ခဲ့တာကြောင့် သွေးကြွေးပြန်တောင်းတဲ့အနေနဲ့ အခွင့်အရေး ရတုန်း ဝင်ပြစ်ခဲ့တာပါ၊ အင်အားက ၁၂ရှိတာပါ အကုန်သေတာပါ" လို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲကြာချိန် ၃မိနစ်ကျော်သာရှိပြီး အဲ့ဒီကျောက်ဆည် စက်မှု၁ နယ်မြေ ရဲစခန်းက စစ်တပ်နဲ့ နီးတာကြောင့် လက်နက်တွေကောက်ချိန်မရပဲ ပြန်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment