စစ်ကောင်စီ ထောက်ပို့သင်္ဘောကို ပစ်ခတ်ခဲ့တဲ့ လက်နက်များနင့် စကစ သင်္ဘောကို ဝက်လက် PDF က တိုက်ခိုက်စဉ်/Photo - ကသာ ပကဖ ၊ ဝက်လက် PDF |
မတ် - ၁၄
စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ သင်္ဘောနှစ်စီးကို ရှော့တိုက်ဒုန်း နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ချက်ကောင်းထိပြီး သင်္ဘောအတွင်းပိုင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စကစ (၃၀)ထက်မနည်း သေတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ပါတယ်။
“ရှော့တိုက်ဒုန်းစာမိ ခွေးအကောင်ရေ (၃၀)ထက်မနည်း သေပြီး ကုလားသချိုင်း တာဝါတိုင်အနီး မြုပ်နှံနေ။ ဒဏ်ရာရ ခွေး ငါးကောင်ကို ကသာ ဆေးရုံသို့ သယ်သွား” ဆိုပြီး ကသာ ပကဖ က ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်(၁၄)ရက် နေ့လယ်ပိုင်းမှာ ကသာမြို့အရှေ့ဘက်ကမ်း သုံးဆယ်ပေး ကျွန်းကမ်းပါးရံကနေ စကစ သဘော် နှစ်စီးမှ တစ်စီးကို ကသာ(ပကဖ)က ရှော့တိုက်ဒုန်း နှစ်လုံးနဲ့ ထုခဲ့တာလို့ ဆိုပါတယ်။
“ရှော့တိုက်ဒုန်း နှစ်လုံးကျွေးရာ နှစ်လုံးလုံး ချက်ကောင်း ထိမှန်ပါသည်။ တစ်လုံးမှာ သင်္ဘောအတွင်းသို့ တည့်တည့်ဝင် ပေါက်ကွဲပါသည်။ စကစမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်သော်လည်း ရဲဘော်များ အန္တရာယ် ကင်းပါသည်” လို့ ကသာ ပကဖ က ထုတ်ပြန်ပါတယ်။
စကစ အသေအပျောက် အခြေအနေနဲ့ ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ သင်္ဘောနှစ်စီးဟာ မတ်(၁၀)ရက် မနက်ပိုင်းကစလို့ မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတာ ဖြစ်ပါတယ်။ အဲ့ဒီသင်္ဘောတွေဟာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ပြဒါးပျံ နှင့် ပြည်သူ အမည်ရှိတဲ့ သင်္ဘောနှစ်စီး ဖြစ်ပြီး စစ်ကောင်စီက လက်နက်၊ ရိက္ခာနဲ့ သူတို့ရဲ့ သစ္စာခံ လက်နက်ကိုင်တပ်ဖွဲ့တွေ တင်ဆောင်ပြီး ကချင်ဘက်ကို ပို့နေတာလို့ နီးစပ်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၁၀)ရက် ညနေပိုင်းကလည်း အဲ့ဒီ စစ်ကောင်စီရဲ့ လက်နက်နဲ့ ရိက္ခာတင် ထောက်ပို့ သင်္ဘော နှစ်စီးကို ဝက်လက် PDF တပ်ရင်း(၂)က ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာအနီး မြစ်ကမ်းဘေးကနေ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။
Mandalay Free Press - MFP
No comments:
Post a Comment