မိုင်းထိပြီး သေသွားတဲ့ရဲတပ်သားကို သွားသင်္ဂြိုလ်တဲ့ ရဲနဲ့စစ်သားတွေ သင်္ချိုင်းကုန်းမှာ မိုင်းထပ်အဆွဲခံရလို့ ၃ ဦးထပ်သေ
ရေစကြို၊ မတ် ၁၀၊ ၂၀၂၂။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပတ်ကင်းလှည့်ရင်း PDF တွေထောင်းထားတဲ့ မိုင်းထိပြီး သေဆုံးသွားတဲ့ ရဲတပ်သားကို သင်္ဂြိုလ်ဖို့သွားတဲ့ ရဲနဲ့ သားတပ်တွေ မိုင်းထပ်အဆွဲခံရပြီး ၃ ဦးထပ်မံသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Yesagyo ထံမှ သိရပါတယ်။
မနေ့ကညပိုင်းက ရေစကြိုမြို့ပေါ်မှာ ပတ်ကင်းလှည်းရင်း PDF တွေထောင်ထားတဲ့ မိုင်းထိပြီး သေဆုံးခဲ့တဲ့ ရေစကြိုရဲတပ်ဖွဲ့က ရဲတပ်သားဂျော်ကာတိုးရဲ့ နာရေးကို လိုက်ပို့စဉ် ဒီကနေ့ ညနေ ၄ နာရီခန့်က သင်္ချိုင်းကုန်းမှာ ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
"မိုင်းထိပြီး သေတဲ့ရဲဘော်ကို သင်္ဂြိုလ်ဖို့သွားတဲ့ ရဲနဲ့စစ်သားတွေကို မိုင်းခွဲထည့်လိုက်တာပါ။ မိုင်း ၃ လုံးခွဲလိုက်တာ ရေစကြိုသင်္ချိုင်းအနီးမှာ မိုင်းခွဲတာပါ။ ၄ နာရီ အချိန်လောက်ကပါ၊ ၃ ယောက်ထပ်ကျတယ်သိရတယ်ဗျ၊ ကျန်တာတွေကတော့ ဒဏ်ရာရတယ်တဲ့ဗျ" လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
အခုလို စစ်ကောင်စီဘက်က သေဆုံးစာရင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူစာရင်းကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ရေစကြိုမြို့နယ်ဟာ မကွေးတိုင်းအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ဒေသဖြစ်ပြီး၊ ရာနှုန်းပြည့်နီးပါး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်ထားရတဲ့ မြို့နယ်တခုလည်းဖြစ်ပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment