သရက်ကန်ရွာမှာ တပ်စွဲထားသည့် စစ်တပ်နှင့်ပျူစောထီးများလက်နက်ကြီးနဲ့အပစ်ခံရလို့ ၁၇ ဦး သေဆုံးပြီး စခန်းကိုစွန့်ခွာ အော်ဟစ်ထွက်ပြေး


မတ်လ ၂၄ ရက်

မကွေးတိုင်း၊မြိုင်မြို့နယ်၊သရက်ကန်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးမျာတိုက်ခိုက်ခံရပြီး (၁၇)ဦးသေဆုံးကာ စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွာ၍ အော်ဟစ်ထွက်ပြေးကြကြောင်း ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့ ဥက္ကဌထံသိရသည်။

"ကျွန်တော်​တ်ို့ ဘက်ကနေ လက်နက်ကြီး (120-MM) နဲ့ထုတာ အလုံး ၂၀ ကျော်လောက်ထုတာဗျ သူတို့ရဲ့ယာယီစခန်းကို တည့်တည့်ကျတာ စစ်သားတွေနဲ့ပျူစောထီးတွေရဲ့ အော်သံတွေလဲကြာရတယ်။ပထမတော့ ဒီကောင်တွေပြန်ပစ်တယ်။ နောက်ပိုင်းကျွန် တော်တို့ လက်နက်သုံးလက်နဲ့ပြိုင်ထုတော့ထွက် ပြေးကြတယ်"ဟု ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ သရက်ကန်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နဲ့ပျူစောထီး အင်အား (၁၀၀) ဝန်းကျင်ကို မတ်လ ၂၂ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့်မြိုင်နယ်တောင်ပိုင်းတော်လှန်ရေးအင်အားစု များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့ဝင်တဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးခဲ့သည့် စစ်ကောင်စီနှင့် ပျူစောထီးများ၏ရုပ်အလောင်းများကို အဆိုပါရွာသုသာန်တွင် မြေမြုပ်သဂြိုလ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း အများအပြားရှိကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် မြိုင်နယ်တောင်ပိုင်းတော်လှန်ရေးအင်းအားစုများက တပ်ဖွဲ့ဝင်းများမှ ထိခိုက်ဒဏ်ရာမရရှိပဲ အောင်မြင်စွာဆုတ်ခွာခဲ့နိုင်ကြောင်း ကျားသစ်နက်တပ်ဖွဲ့ ဥက္ကဌမှဧရာဝတီတိုင်းမ််ကိုပြောပါသည်။


Ayeyarwaddy Times 

သရက်ကန်ရွာမှာ တပ်စွဲထားသည့် စစ်တပ်နှင့်ပျူစောထီးများလက်နက်ကြီးနဲ့အပစ်ခံရလို့ ၁၇ ဦး သေဆုံးပြီး စခန်းကိုစွန့်ခွာ အော်ဟစ်ထွက်ပြေး သရက်ကန်ရွာမှာ တပ်စွဲထားသည့် စစ်တပ်နှင့်ပျူစောထီးများလက်နက်ကြီးနဲ့အပစ်ခံရလို့ ၁၇ ဦး သေဆုံးပြီး စခန်းကိုစွန့်ခွာ အော်ဟစ်ထွက်ပြေး Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.