မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့စစ်အုပ်စု ဗုံးခွဲခံရလို့ စစ်သား ၄ ဦး ဒဏ်ရာရ


ပခုက္ကူ၊ မတ် ၁၁၊ ၂၀၂၂။

မကွေးတိုင်း၊ ပခုက္ကူမြို့မြန်မာ့စီးပွားရေးဘဏ် (ပခုက္ကူဘဏ်ခွဲ ) မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၁၀ ရက် မနေ့က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

မနက်ပိုင်း ၁၁ နာရီလောက်မှာ စတင် ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီနောက် အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ PKU မြို့ပြပျောက်ကြားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တမာက ပြောပါတယ်။ 

“ ကျနော်တို့ မနက် ၁၁ နာရီကနေစလုပ်ခဲ့တာဗျ၊ လက်ပစ်ဗုံးပစ်သွင်းခဲ့တာပါ၊အဲဒါပြီးတော့ အပြန်အလှန်ပစ်ခတ်မှုလည်းရှိခဲ့ပါတယ်၊သေဆုံးမှုကိုတော့အတည်မပြုနိုင်သေးပါဘူး၊ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့သိရပါတယ်၊ “ လို့ သူကပြောပါတယ်။ 

PKU ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်က မြိုင်မြို့နယ်၊ ကျောက်ဆောင်ရွာက ပျူစောထီးသင်တန်းဆင်းဆိုသူ စန်းယု ကို မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့စစ်အုပ်စု ဗုံးခွဲခံရလို့ စစ်သား ၄ ဦး ဒဏ်ရာရ မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့စစ်အုပ်စု ဗုံးခွဲခံရလို့ စစ်သား ၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:57 Rating: 5

No comments:

Powered by Blogger.