မန္တလေးတွင် ပြည်သူများအား ဖမ်းဆီးငွေညစ်သည့် စကစ လက်ပါးစေစခန်းချ နေရာအချို့ ဗုံးခွဲခံရ


မန္တလေး၊ မတ် ၁၄

မန္တလေးမြို့၌ စစ်ကောင်စီကင်းတဲနှင့် ပြည်သူများအား ဖမ်းဆီးငွေညှစ်နေသည့်နေရာတချို့မှာ ယနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနည်းဆုံး ၃ ဦး သေဆုံးကြောင်း မြို့ခံများ ထံကသိရသည်။

ယနေ့နံနက် ၁၀နာရီဝန်းကျင်က အောင်မြေသာစံမြို့နယ် ၈၂လမ်းနှင့် လမ်း၂၀ထောင့်ရှိ စစ်ကောင်စီကင်း စခန်းတစ်ခု ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

"ကင်းစခန်းထဲကထကွဲတာ၊ သူတို့ဘာသာ ခွဲတာလားမသိဘူး။ တည့်တည့်ကြီးဆိုတော့ နှစ်ကောင် ပက်လက် လန်နေတာ တစ်ကောင်က သွေးတွေရဲနေတာ"ဟု ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကပြောသည်။

ယနေ့နံနက် ၁၁နာရီဝန်းကျင်ကလည်း ၆၂လမ်း၊ ၁၀၁ လမ်းတွင် လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီး ငွေညစ်နေသည့်  စစ်သား၊ရဲနှင့် မော်တော်ပီကယ်များအား ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးနှင့် ရဲတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးမြို့ပြပျောက်ကြားအဖွဲ့  Ranger Of Mandalay က ထုတ်ပြန်ထားသည်။

အဆိုပါ ပေါက်ကွဲမှုကို  Ranger Of Mandalay၊ Guerrilla Force Of Mandalay၊Mandalay Black King Scorpionအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


Lu Nge Khit

မန္တလေးတွင် ပြည်သူများအား ဖမ်းဆီးငွေညစ်သည့် စကစ လက်ပါးစေစခန်းချ နေရာအချို့ ဗုံးခွဲခံရ မန္တလေးတွင် ပြည်သူများအား ဖမ်းဆီးငွေညစ်သည့် စကစ လက်ပါးစေစခန်းချ နေရာအချို့ ဗုံးခွဲခံရ Reviewed by THITHTOOLWIN on 17:56 Rating: 5

No comments:

Powered by Blogger.