ရိခေါဒါရ်မြို့ တွင်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာနှစ်ဦးသေ /မတ်၉တွင်လည်းစနိုက်ပါဖြင့်ပစ်၍ စစ်သားတစ်ဦးထပ်သေ
ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်-CNDF က မတ် ၇ရက်တွင် သွားရောက်တိုက်ခိုက်ရာစစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ ချုပ်(CNO)က ယနေ့ ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးသည် အမှတ်၂ ရပ်ကွက်တွင်လုံခြုံရေးကင်းစောင့်နေစဉ် မတ် ၇ရက် ညနေ ၃နာရီက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးမှာ ထိုနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် မတ် ၁ ရက်နေ့ကတည်း အင်အား ၃၀ခန့်ဖြင့် စခန်းချတပ်စွဲနေခြင်းဖြစ်သည်။
မတ် ၅ရက်တွင်လည်း ရိခေါဒါရ်မြို့နယ်တွင် တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်းသေဆုံးခဲ့သည်ဟုလည်း CNDFက ထုတ်ပြန်ထားသည်။ ထို့ကြောင့် မတ်လ ၇ ရက်တိုက်ခိုက်မှုမှာ ၃ ရက်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခြင်းဖြစ်သည်။
ရိခေါဒါရ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ တစ်ထောင်ကျော်သည် အိန္ဒိယနိုင်ငံကို တိမ်းရှောင်နေရသည်။
ထိုအပြင် မတ် ၉ရက် (ယနေ့)တွင်လည်း အမှတ် ၂ ရပ်ကွက်တောင်ကုန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သားကို ဒေသခံကာကွယ်ရေးတပ်များက စနှိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့သည်။ယနေ့မနက် ၁၁ နာရီခန့်တွင် သေနတ်သံနှင့် လက်နက်ကြီးဖြစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။
မတ် ၉ ရက် မနက် ၁၁ နာရီလောက်ကစပြီး သေနတ်သံ အကြိမ် ၂၀ ခန့်နှင့် လက်နက်ကြီးသံ ၂ ချက်ကြားရကြောင်းဒေသခံအချို့က ပြောသည်။
မတ် ၈ ရက်နေ့ (ယမန့်နေ့)ကလည်း စစ်ကောင်စီတပ် အသုံးပြုနေသည့် ရေကန်ကိုလည်း ဒေသခံကာကွယ်ရေးများက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
People's Spring
No comments:
Post a Comment