ဖားကန့်မြို့မရဲစခန်းရှေ့တွင် ဗုံးကွဲသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရ


ဖားကန့် - မတ် ၂၄၊ ၂၀၂၂။

ဖားကန့်မြို့မရဲစခန်းအရှေ့တွင် ယနေ့ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူနာတင်ကားဖြင့် လာရောက်တင်ဆောင်သွားသည်ဟု ‌‌အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဗုံးပေါက်ကွဲတဲ့ အချိန် ရဲသုံးယောက်က သွေးထွက်သံယိုဖြစ်ပြီး လူနာတင်ကား ချက်ချင်းလာခေါ်သွားတယ်။” ဟု သူကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အနီးတစ်ဝိုက်တွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်က အရပ်ဝတ်များဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သူကပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စစ်တပ်စခန်းအနီး အပါအဝင် နေရာသုံးခုတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။


The 74 Media

ဖားကန့်မြို့မရဲစခန်းရှေ့တွင် ဗုံးကွဲသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရ ဖားကန့်မြို့မရဲစခန်းရှေ့တွင် ဗုံးကွဲသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:25 Rating: 5

No comments:

Powered by Blogger.