ပေါက်မြို့က နာမည်ကြီး ပျူစောထီး သေနတ်ပစ်ခံရပြီး သေဆုံး


ပေါက်၊ မတ် ၁၄၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သီးခြောက်ရွာက နာမည်ကြီးပျူစောထီး ဒလန်အကြီးစားဆိုသူ အောင်အောင်(ခ) ငအောင်ကို ပခုက္ကူ PDF ၂ ဖွဲ့က မတ်လ ၁၃ ရက်နေ့က သေနတ်နဲ့ ပစ်သတ်၍ရှင်းခဲ့တယ်လို့ Pakokku Revolution Front တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"မနေ့က မနက် ၉ နာရီလောက်ကဝင်ရှင်းခဲ့တာဗျ။ သူ့ရဲ့ရွာမှာပဲ ရှင်းခဲ့တာ သူ့ကိုအတိုနဲ့ပစ်ခဲ့တာ။ ကျနော်တို့ ရမ်းသမ်းပြီးတော့မလုပ်ပါဘူး။ သတင်းခိုင်လုံမှလုပ်တာပါ။ သူ့ကပျူဒလန်ပါ စစ်တပ်နဲ့လည်းအဆက်အသွယ်ရှိတယ်။ သူ့ကြောင့်သီးခြောက်ရွာထဲက ပြည်သူတွေဒုက္ခရောက်တာရှိတယ်။သတင်းခိုင်လုံတဲ့အတွက်ကြောင့် သွားပြီးသူ့ကိုရှင်းခဲ့ရတာ၊ ၂ ချက်ပစ်သတ်ခဲ့တာ" လို့ Pakokku Revolution Front တာဝန်ခံက ပြောပါတယ်။

ပေါက်မြို့နယ်၊ သီးခြောက်ရွာက နာမည်ကြီးပျူစောထီး ဒလန်အကြီးစားဆိုသူ အောင်အောင်(ခ) ငအောင်ကို ပခုက္ကူတော်လှန်ရေး တပ်ဦး (P.R.F)နဲ့ Pakokku Generation Z တို့ ပါဝင်တဲ့ မဟာမိတ်ညီနောင်နှစ်ဖွဲ့ကသေနတ်နဲ့ ပစ်သတ်ရှင်းခဲ့တာဖြစ်ပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ပေါက်မြို့က နာမည်ကြီး ပျူစောထီး သေနတ်ပစ်ခံရပြီး သေဆုံး ပေါက်မြို့က နာမည်ကြီး ပျူစောထီး သေနတ်ပစ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 00:27 Rating: 5

No comments:

Powered by Blogger.