ကျောက်ထုမြို့မရဲစခန်း နှင့် ပတ်ကင်းအားအမဲဖျက်ခြင်းသတင်းစဥ်



၈.၃.၂၀၂၂ ရက်နေ့ နံနက် (၈:၃၀) မိနစ်ဝင်းကျင်အချိန် ကျောက်ထုရဲစခန်းမှမြို့ထဲသို့ ပတ်ကင်းလှည့်လာသော စခွေးးးရခွေးးးးအကောင်၂၀ ခန့်အား ကျောက်ထု PDF မြို့ပြပျောက်ကြားတပ်ဖွဲ့ နှင့် CDF (Mindat) တို့ပူးပေါင်း၍ မိုင်း ၃ လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စခွေးးးရခွေးးးး ၇ ဦး နေရာတွင်ပင် မောင်းပြန်စာမိကာ ငရဲသို့ အကုသိုလ်အတုံးလိုက်ဖြင့် ခပ်မြန်မြန် ဆင်းသွားကြရှာပါသည်။ ၈ ဦးခန့် မိုင်းထိခိုက်ဒါဏ်ရာများရရှိသွားကြပါသည်။

အပြန်အလှန်ထိတွေ့မှုဖြစ်နေစဥ် ရဲစခန်းမှတပ်ကူမလာနိုင်ရန် ကျောက်ထု PDF လက်နက်ကြီးတပ်ဖွဲ့မှ ကျောက်ထုမြို့မရဲစခန်းအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ပေးခဲ့ကြပါသည်။ စခန်းတွင်းထိခိုက်ကျဆုံးမှုများအားမသိရသေးပေ။ ပြည်သူများ၏မေတ္တာကြောင့် မိမိတို့ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။ 

ဖြစ်စဥ်အပြီး ကျောက်ထုလေတပ်အတွင်းသို့ ရဟတ်ယာဥ်တစ်စီးဖြင့် ပထမတစ်ခေါက်တွင် စခွေးးးအကူများနှင့် လက်နက်ခဲယမ်းများလာချသွားပြီး ဒုတိယအခေါက်တွင် ဒါဏ်ရာရခွေးးးများဟုယူဆရသော ငမိုက်သား ၈ ကောင်အားတင်ခေါ်၍ ဝေဟင်ထက်ပြေးတက်သွားလေတော့သည်။ 

ကျောက်ထုအမြှောက်တပ်ထဲမှလည်း တင့်ကားနှစ်စီး ကျောက်ထုဘဏ်ရုံးနားတွင်ရပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြသည့်အပြင် ကျောက်ထုမြို့အတွင်း ကြံရာမရ ရမ်းသမ်းပစ်ခတ်နေကြကာ မြို့တွင်းမှအိမ်အပြင်ထွက်ပါက ပစ်မိန့်ပေးထားသည်ဟုလည်းကြားသိရပါသည်။ 

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ  အ​ပြစ်မဲ့ပြည်သူ အမျိုးသမီး ၃ယောက်နှင့် အမျိုးသား၂ ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကြားသိရပါသည်။ 

မိဘပြည်သူများအနေနှင့် စခွေးးး၊ ရခွေးးးများနှင့်ပေါင်းသင်းဆက်ဆံခြင်း၊ ၎င်းတို့နှင့်အနီးကပ်သွားလာနေထိုင်ခြင်းများမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

ကျောက်ထု PDF


Kyaukhtu Regional People Defense Force

ကျောက်ထုမြို့မရဲစခန်း နှင့် ပတ်ကင်းအားအမဲဖျက်ခြင်းသတင်းစဥ် ကျောက်ထုမြို့မရဲစခန်း နှင့် ပတ်ကင်းအားအမဲဖျက်ခြင်းသတင်းစဥ် Reviewed by THITHTOOLWIN on 18:31 Rating: 5

No comments:

Powered by Blogger.