ယင်းမာပင်၊ မတ် ၁၇၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်လမ်းခွဲအနီးက နှစ်ထပ်တက်အဆင်းမှာ ဒီနေ့မနက် ၉ နာရီလောက်က ခရီးသွားကားတွေကို စစ်ကောင်စီက ပစ်ခတ်လို့ ၅ နှစ်အရွယ် ကလေးတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်စောစော ထွက်လာတဲ့ စစ်ကောင်စီတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်လို့ ကားအတွင်းက ၅ နှစ်အရွယ်ကလေးရဲ့ ဦးခေါင်းကိုကျည်ထိ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"ကလေးက ၅ နှစ်အရွယ် မိန်းကလေးပါဗျ၊ ကျနော်တို့လည်း ဆက်လက်စုံစမ်းနေဆဲပါ"လို့ အဲဒီဒေသခံက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်တွေဟာ မနေ့က မနက် ၁၁ နာရီလောက်ကလည်း ထန်းဇင်ရွာက အိမ်တွေကို မွှေနှောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းတွေကို ယူဆောင်ခဲ့ကာ ရွာကိုသုံးနေရာခွဲ မီးရိူ့ခဲ့ကြပါသေးတယ်။
ဒေသခံကာကွယ်ရေးတပ်တွေကတော့ ပြည်သူများခရီးသွားလာရာတွင် သတိပြုသွားလာကြဖို့ နေ့စဥ်အသိပေး ထားတယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment