အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မန္တလေးတွင် ၂ ရက်အတွင်း ပြည်သူ သုံးဦးသေဆုံး


မန္တလေး၊ မတ် ၁၆ 

အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ပစ်သတ်မှုကြောင့် မန္တလေးမြို့တွင် ၂ရက် အတွင်းပြည်သူ သုံးဦးသေဆုံးခဲ့ကြောင်း မြို့ခံများထံကသိရသည်။

မတ်လ၁၄ရက်နေ့လည်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းနှင့်သိပ္ပံလမ်းထောင့် တွင် စစ်ဆေးနေသည့် မော်တော်ပီကယ် များနှင့်ရဲများဗုံးပစ်ခံရပြီးနောက် လမ်းသွားလမ်းလာများကိုရမ်းသမ်းပစ်ခတ်ခဲ့ရာ အမျိုးသားနှစ် ဦးသေဆုံးခဲ့သည်။ 

"တစ်ဦးက ဆိုင်ကယ်ကယ်ရီဆွဲတာပွဲချင်းပြီးသေပြီးနောက်တစ်ယောက်ကဆေးရုံရောက် ပြီးသေသွားပြီ။ဖြတ်သွားတဲ့သူတွေအကုန်ပစ်တာ"ဟု မြို့ခံတစ်ဦးကပြောသည်။

ယမန်နေ့ မတ်လ၁၅ရက် ညပိုင်းကလည်း မန္တလေးမြို့အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်တွင် ညဖက်ဆိုင်ကယ်နှင့် မုန့်ထွက်ဝယ်သည့် အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးကိုလည်း စစ်တပ်ကပစ် သတ်ခဲ့ရာ အမျိုးသမီးငယ်သေဆုံးခဲ့ကြောင်းမြို့ခံများထံသိရသည်။ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားမှာလည်း ရင်ဘတ်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည် ဟုဆိုသည်။ 

မတ်လ၁၄ရက်က မန္တလေးမြို့တွင် စစ်တပ်က တပ်ဆွဲထားသည့် ကင်းစခန်းများတိုက်ခိုက်ခံရကာစစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးခဲ့ပြီးနောက် စစ်တပ်ကမန္တလေးမြို့တွင်ရမ်းသမ်းပစ်ခတ်မှုများဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။


Lu Nge Khit

အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မန္တလေးတွင် ၂ ရက်အတွင်း ပြည်သူ သုံးဦးသေဆုံး အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မန္တလေးတွင် ၂ ရက်အတွင်း ပြည်သူ သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.