မတ်လ ၂၄ ရက်၊ ၂၀၂၂ ခုနှစ် ။
မြို့လှ PDF တပ်ရင်း နယ်မြေအတွင်း ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ဒေသကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
အင်အား ၄၅ ဦးခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် သင်္ဘောလုံခြုံရေးရယူရန် မိုးတားလေးရွာမှ အောက်ဖက် ဝဲကြီးရွာသို့ ခြေလျှင်စစ်ကြောင်း ထိုးလာ
စဥ် မြေနုကျွန်းအနီး လမ်းခုလတ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်သည် စစ်ကောင်စီတပ် ခြေလျှင်စစ်ကြောင်းအား မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး 79 လက်ထောက်ကျည်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု မြို့လှ PDF က သတင်းထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ကြာချိန် ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ထွက်ခွာနိုင်ခဲ့သည်။
သံလွင်ခက် - Than Lwin Khet News

No comments:
Post a Comment