စစ်ကိုင်းတိုင်းအတွင်း၌ မြို့နယ်များအနက် (၂၃)မြို့နယ်ကို ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၃)ရက်နေ့ ည(၁၁)နာရီအချိန်က စတင်ကာ အင်တာနက်လိုင်းများ ဖြတ်တောက်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အင်တာနက်လိုင်းများ ပြတ်တောက်မည်ဟု သတင်းထွက်ပေါ်နေသည့် မြို့နယ်များမှာ ချောင်းဦး၊ ဆားလင်းကြီး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ ရေဦး၊ မြင်းမူ၊ ဗန်းမောက်၊ ကသာ၊ ကန့်ဘလူ၊ ထီးချိုင့်၊ တန့်ဆည်၊ မင်းကင်း၊ ကလေးဝ၊ တမူး၊ မော်လိုက်၊ အင်းတော်၊ ဟုမ္မလင်း၊ ကျွန်းလှ၊ ဖောင်းပြင်၊ လဟယ် နှင့် ခန္တီးမြို့နယ်တို့ ဖြစ်ကြသည်။
အင်တာနက်ကို ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၃)ရက်နေ့ ည(၁၁)နာရီအချိန်ကစပြီး ပြတ်တောက်မည်ဟု သတင်းများထွက်ပေါ်ခြင်းဖြစ်ပြီး မည်သည့် ကာလထိ ပြတ်တောက်မည်ကိုတော့ မသိရသေးပါ။
Tachileik News Agency
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များအနက် (၂၃)မြို့နယ်တွင် အင်တာနက်များ ပြတ်တောက်မည်ဟု သတင်းထွက်
Reviewed by THITHTOOLWIN
on
23:43
Rating:
No comments:
Post a Comment