ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာသွားပို့သည့် တင့်ကား ၁ စီးပါ စစ်ကောင်စီယာဉ်တန်း ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သား ၆၀ ကျော် သေဆုံး
ဓာတ်ပုံ-ပုံဟောင်းဖြစ်ပါသည်။ |
မတ်လ ၄ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာပို့ရန်သွားရောက်ကြသည့် တင့်ကား ၁ စီးပါ စစ်ကောင်စီယာဉ်တန်း ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်သား ၆၀ ကျော် သေဆုံးကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် - CNO က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ ယာဉ်တန်း (၂၂)စီးနှင့် တင့်ကား(၂) စီးကို CNDF, CNA နှင့် CDF ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖလမ်းမြို့၊ လုံးရန်ရပ်ကွက်နှင့် တားလ်ကျေးရွာအကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဖက်မှ (၁၁)ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ (၂) ရက်နေ့တွင်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာနှင့် တလန်ဇာရ်အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ (၃၀)ဦးခန့် သေဆုံးခဲ့ပြီး မတ်လ (၃) ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့များမှ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာနှင့် ဒေါက်ထက်ကျေးရွာအကြားတွင် မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဖက်မှ (၂၀)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
၄င်းတိုက်ပွဲအတွင်း CNDF မှ (၁)ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး (၁)ဦး ကျည်ထိမှန် ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သော CNA ဖက်မှလည်း (၃)ဦး ကျဆုံးခဲ့ကြောင်း CNO/CNDF က သတင်းထုတ်ပြန်ထားသည်။
Ayeyarwaddy Times
No comments:
Post a Comment