ဓာတ်ပုံ - အခွန်ရုံး။ |
(မတ် ၂၀)
သုံးခွမြို့နယ် သုံးခွစီးပွားရေးသမားများ ကျည်ဖိုးသွားခိုးပေးနေကာ စစ်ကောင်စီထံ ငွေဆက်သနေသော သုံးခွမြို့အခွန်ရုံးနှင့် အမှတ် (၁) ရပ်ကွက်တွင် ထောက်ခံစာကိစ္စနဲ့အတော်ဆိုးရွားနေသော ဒလန်စာရေးမနေအိမ်အား ယနေည ၇ နာရီ ၄၅ မိနစ်နှင့် ၇ နာရီ ၄၇ မိနစ်တို့တွင် သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Thongwa Youth Force - T.Y.F) က ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
`ကျွန်တော်တို့ ဒီနေ့ည အခွန်ရုံးနဲ့ ဒလန်စာရေးမနေအိမ်တို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်၊ အခွန်ရုံးကတော့ သုံးခွစီးပွားရေးသမားများက ကျည်ဖိုးသွားခိုးပေးနေပြီး ရုံးကလည်း ကြိတ်ယူ စကစကို ငွေဆက်သပေးနေလို့ ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။ ဒလန်စာရေးမကတော့ သူက ရပ်ကွက်အတွင်းမှာ ထောက်ခံစာကိစ္စနဲ့ အတော်ဆိုးရွာနေပြီး ထစ်ခနဲရှိ စစ်တပ်ခေါ်မယ်လို့ ပြောပြောနေလို့ တကယ်ခေါ်လို့ရအောင် လုပ်ပေးလိုက်တာပါ´ ဟု T.Y.F တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုများအပြီးတွင် အကြမ်းဖက်စစ်တပ်က သုံးခွမြို့အတွင်း သေနတ်ပစ်ချက် အချက်ပေါင်း ၅၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ရကြကြောင်းသိရပါသည်။
ယခုဖြစ်စဥ်တွင် သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(T.Y.F)မှ ရဲဘော်တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုလုံးဝမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပါသည်။ သို့သော် စစ်ကောင်စီဘက် ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
Khayan Channel
No comments:
Post a Comment