ဒီးမော့ဆိုမြို့နယ်အတွင်း အိုးခူးရီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ရာ အရာရှိတစ်ဦး အပါအဝင် (၆)ဦး သေဆုံး


ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်  အိုးခူးရီးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ယနေ့မတ်လ(၁၇) ရက်နေ့က စနိုက်ပါဖြင့် ပစ်ခတ်ရာ အရာရှိတစ်ဦးအပါအဝင် (၆)ဦး သေကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၎င်းတိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့နှင့် လွိုက်ကော် PDF စနိုက်ပါအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သား၏ အလောင်းများကို ရဟတ်ယာဉ်ဖြင့် လာရောက် သယ်ဆောင်သည်ဟု ဆိုသည်။

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက တင့်ကား၊ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် နေ့စဉ်တိုက်ခိုက်နေကာ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျှက်ရှိသည်။


Tachileik News Agency

ဒီးမော့ဆိုမြို့နယ်အတွင်း အိုးခူးရီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ရာ အရာရှိတစ်ဦး အပါအဝင် (၆)ဦး သေဆုံး ဒီးမော့ဆိုမြို့နယ်အတွင်း အိုးခူးရီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ရာ အရာရှိတစ်ဦး အပါအဝင် (၆)ဦး သေဆုံး Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.