စေတုတ္တရာ၊ မတ် ၁၆၊ ၂၀၂၂။
စစ်တပ်ကအရာရှိပိုင်း ဦးစီးပြီး လက်နက်ခဲယမ်းတွေသယ်လာတဲ့ 4W ကား ၁၀ စီးကို မတ်လ ၁၅ ရက် မနေ့ကညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လောင်းရှည်အခြေစိုက် ကပစ ၂၅ ကို လက်နက်ခဲယမ်းတွေလာပို့တဲ့ အဲ့ဒီကားတွေကို မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် နဲ့ လောင်းရှည်နယ်ခြားဒေသရှိ ကြံစိမ့်ကျေးရွာနဲ့ ညောင်ပင်ကျင်းကျေးရွာကြားမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ လောင်းရှည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ ကပစ ၂၅ မှာ လက်နက်ခဲရမ်း၊ ကျည်၊ လောင်ချာတွေ မထုတ်လုပ်နိုင်သေးတာကြောင့် စေတုတ္တရာ ကပစ ကနေ အရာရှိပိုင်းဦးစီးတဲ့ 4 W ကားလေးတွေနဲ့ လက်နက်တွေသယ်ဆောင်လာကြတာ၊ အဲဒီကားကိုမြင်တော့ ကျနော်တို့ စောင့်နေတဲ့အဖွဲ့က မိုင်းဆွဲတိုက်ခိုက်လိုက်တာ၊ မိုင်းဆွဲလိုက်တာမှာ ကားပျက်ဆီးသွားပြီး ၅ ယောက်လောက်က တုံးကနည်းလဲပြီး သေဆုံးတယ်၊ အဲဒီအဖွဲ့ထဲက ထနိုင်တဲ့ ၃ ယောက်က ကျနော်တို့မိုင်းဆွဲတဲ့အဖွဲ့ကို သေနတ်တွေနဲ့ဝိုင်းပစ်ကြတယ်၊ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်လောက်ကြာပါတယ်၊” လို့ သူကပြောပါတယ်။
အပြန်အလှန်ပစ်ခတ်နေချိန်အတွင်း စစ်ကောင်စီဘက်ကို ကပစ ၂၅ ကနေ အင်အား ၄၀ လောက် စစ်ကူရောက်လာပြီး၊ တိုက်ခိုက်ပြီးတဲ့အချိန်မှာတော့ အဲ့ဒီအနီးတဝိုက်ကို ပိုက်စိပ်တိုက်ရှာဖွေတာတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ
No comments:
Post a Comment