မန္တလေးမြို့ပေါ်မှာ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာပြင်းထန်


မန္တလေး၊ မတ် ၁၄၊ ၂၀၂၂။

မန္တလေးမြို့က ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ Guerilla Of Mandalay ကထုတ်ပြန်ပါတယ်။

မန္တလေးမြို့ ၆၂ လမ်းနဲ့သိပ္ပံလမ်းထောင့်မီးပွိုင့်က မှာဖမ်းဆီးစစ်ဆေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၂ ဦး၊ ရဲ ၁ ဦးနဲ့ ယာဥ်ထိန်းရဲ ၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

''ဒီမနက် ၁၁ နာရီတိတိမှာ လက်ပစ်ဗုံးနဲ့ပစ်ခဲ့တာ။ ဒီကောင်တွေကိုသေချာထိတယ်။ ဒီကောင်တွေဘက်ကလည်း သေနတ်နဲ့ လေးချက်ပြန်ပစ်တယ်။ ဒါပေမယ့် ကျနော်တို့ ထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်'' လို့ Guerilla Of Mandalay ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုတေဇာအောင်က ပြောပါတယ်။

အဲ့ဒီလုပ်ဆောင်ချက်ကို Guerilla Of Mandalay နဲ့အတူ ပြောက်ကျားတပ်ဖွဲ့ ၃ ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ပြောပါတယ်။

ဒီမနက်မှာဘဲ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်မှာနေထိုင်တဲ့ ဒလန်လို့လူသိများသူ သန်းမြတ်စိုး(ခ)မွတ်တား ၄၉ လမ်းပေါ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ဆုံးအပတ်ကလည်း မန္တလေးမြို့ ရတနာပုံမီးပွိုင့်လမ်းဆုံက ရဲတပ်ဖွဲ့ဝင်တွေဗုံးခွဲတိုက်ခိုက်ခံရလို့ မြို့နယ်မှူး ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan

မန္တလေးမြို့ပေါ်မှာ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာပြင်းထန် မန္တလေးမြို့ပေါ်မှာ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 17:36 Rating: 5

No comments:

Powered by Blogger.