လှိုင်သာယာမြို့နယ်တွင်း ညမထွက်ရအမိန့် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာနေသော အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ကြေငြာချက်မဆုံးခင်ပစ်ခတ်ခံရ
(မတ်လ ၂၃ ရက်)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ညောင်ရွာရပ်ကွက်တွင်း ဒီကနေ့ည (၉:၀၀)ဝန်းကျင်အချိန်ခန့်က ညမထွက်ရအမိန့် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာနေသော အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရကြောင်း သိရသည်။
" ရပ်ကွက်ထဲ ညောင်ရွာမြေနီလမ်းထိပ်ကနေ ရပ်ကွက်အေးချမ်းသာယာမှုရှိသဖြင့် အချိန်ပြောင်းလဲကြေငြာလိုက်သည်ပဲ ရှိသေးတယ် သေနတ်နဲ့ပစ်ခံလိုက်ရတာ ပစ်ခံရတဲ့သူက ရပ်ကွက်ရာအိမ်မှူးလို့တော့ ကြားတယ် ပစ်ခတ်ရပြီးဆေးရုံခေါ်သွားတယ် ကျန်တာတော့ မသိသေးဘူးလို့ " ဒေသခံတစ်ဦးက HTY Information သို့ပြောပါသည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ညောင်ရွာရပ်ကွက်မှာ ယမန့နေ့ညက ရပ်ကွက်တွင်း ညမထွက်ရအမိန့် လိုက်လံကြေညာစဉ်သေနတ်နဲ့ပစ်ခတ်ခံရပြီး စိုးရိမ်ရဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရကာ မိသားစုက တွေ့ခွင့်မရသေးဘူးလို့ နီးစပ်သူများထံမှသိရပါတယ်။
အဆိုပါ ပစ်ခတ်ခံလိုက်ရတဲ့ ရာအိမ်မှူး ဦးလှထွန်းဟာ ဝမ်းဗိုက်နဲ့ ပေါင် ခြေထောက်တို့တွင် သေနတ်ဒဏ်ရာ ၃ ချက်ရရှိခဲ့ပြီး အရေးပေါ်ဆေးကုသနေဆဲဖြစ်တယ်လို့ အတွင်းသတင်းက သိရှိရပါသည်။
၎င်းရာအိမ်မှူး ပစ်ခတ်ခံရခြင်းမှာ ပြည်သူများကို စစ်တပ်နဲ့ပူးပေါင်း၍ ဒုက္ခပေးနေခြင်း စလစ်နဲ့နေထိုင်တဲ့ ပြည်သူတွေကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားခိုင်းပြီး ပြည်သူများနေစရာမရှိအောင် ပြုလုပ်ခြင်းတို့ကြောင့် Free Tiger Ranger (FTR) အဖွဲ့ကပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါသည်။
HTY Information

No comments:
Post a Comment