အင်းတော်မှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်သား ၂၅ ဦးခန့်သေဆုံးနိုင်



အင်းတော်၊ မတ် ၅၊ ၂၀၂၂။ 

အင်းတော်မြို့နယ်အတွင်းမှာ မတ်လ ၅ ရက် ဒီနေ့မနက်အစောပိုင်းက စစ်ကောင်စီယာဥ်တန်း ၂၇ စီး  မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

ထီးချိုင့်မြို့ဘက်က ထွက်လာတဲ့ အဲ့ဒီကားတွေကို ဒီမနက် ၆ နာရီလောက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့နဲ့ နဘားကျေးရွာအကြားမှာ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ဆက်တိုက်ဆိုသလို လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ အင်းတော် PDF တာဝန်ခံက ပြောပါတယ်။ 

"အင်အားက လုံခြုံရေးအဖွဲ့တွေ တော်တော်များတယ်၊ အရေအတွက်တော့ မသိရဘူး၊ မော်လူးနဲ့ နဘားရွာကြားမှာ မိုင်း ၂ လုံးဆွဲပြီး လက်နက်ကြီးနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ၊ ၂၇ စီးပါလာတယ်၊ ကားတစီးကပျက်စီးသွားတော့ ၂၆ စီးပဲ အထက်ကို တက်သွားကြတယ်၊"လို့ သူကပြောပါတယ်။ 

KIA၊ အင်းတော် PDF -  I.PDF၊ ပကဖ နဲ့  Indaw Tiger Army ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂၅ ဦးသေဆုံးခဲ့တယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကလည်း လုံခြုံရေးယူလာတဲ့ စစ်ကောင်စီအဖွဲ့ကို အင်းတော်နဲ့ မော်လူးကြားမှာ ၄ နေရာခွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၈ ဦးသေဆုံးခဲ့တယ်လို့လည်း အင်းတော် PDF ကသတင်းထုတ်ပြန်ထားပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

အင်းတော်မှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်သား ၂၅ ဦးခန့်သေဆုံးနိုင် အင်းတော်မှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်သား ၂၅ ဦးခန့်သေဆုံးနိုင် Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.