ဟားခါးကနေ အဝေးပစ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒုတ်ထစ်ကျေးရွာက လူနေအိမ် ၃ လုံးပျက်စီ


ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ၂၆၆ ဗျူဟာကုန်းကနေ အဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဖလမ်းမြို့နယ် ဒုတ်ထစ်ကျေးရွာက လူနေအိမ် ၃ လုံးပျက်စီးသွားတယ်လို့သတင်းရရှိပါတယ်။ 

မနေ့ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေမီးရှို့လို့ ဒုတ်ထစ်ရွာက လူနေအိမ် ၁၅ လုံးမီးလောင်သွားပါတယ်။ 

ဒုတ်ထစ်ရွာသားတစ်ဦးက "ဒီမနက်ပိုင်းမှာ ဟားခါးဘက်ကနေ လက်နက်ကြီးနဲ့ ၃ကြိမ်လှမ်းထုတာ အိမ် ၃ လုံးပေါ်ပေါက်ကွဲသွားတယ်။ တစ်အိမ်လုံးလွှင့်စင်သွားတယ်။ သစ်သားတိုင်တွေက ကြွေမွကုန်တယ်။ စစ်ခွေးတွေက ချွန်ကျူံးရွာဘက်သွားတော့ ရွာထဲမှာ ပြည်သူ့တပ်တွေရှိတာလှမ်းမြင်တော့ လှမ်းထုတာထင်တယ်။ လူအသေအပျောက်တော့မရှိဘူး" လို့ပြောပါတယ်။ 

 အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းဟာ ဒီနေ့ည ဟားခါးမြို့နယ် ချွန်ကျူံးရွာသို့ဝင်သွားကြပြီး ညအိပ်စခန်းချကြမယ်လို့ယူဆရပါတယ်။


Zalen 

ဟားခါးကနေ အဝေးပစ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒုတ်ထစ်ကျေးရွာက လူနေအိမ် ၃ လုံးပျက်စီ ဟားခါးကနေ အဝေးပစ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒုတ်ထစ်ကျေးရွာက လူနေအိမ် ၃ လုံးပျက်စီ Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.