ထီးချိုင့်တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲပြင်းထန်ခဲ့ပြီး စကစတပ်သား (၂၄) ဦးသေဆုံးကာ တပ်ကြပ်အပါအဝင် (၆) ဦးဒဏ်ရာရ

မတ် ၂၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန်က စကစတပ်များသည် ကြက်တကောင်ရွာမှ အင်ဒေါင်းရွာထဲသို့ လက်နက်ကြီးစတင်ပစ်ခတ်ပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် နေ့လည် ၁၀ နာရီခွဲ အချိန်တွင် တိုက်ပွဲရပ်နားခဲ့ပြီး စကစတပ်များသည် လာရာလမ်းဘက်သို့ အမြန်တပ်ဆုတ်သွားခဲ့ပြီး အပြန်အလှန် လက်နက်ကြီးလက်နက်ငယ်များဖြင့် ၄ နာရီခွဲအကြာ တိုက်ပွဲအတွင်း စကစတပ်သား (၂၄) ဦးခန့်သေဆုံးခဲ့ပြီး တပ်ကြပ်အပါအဝင် (၆) ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း Fox Army - HPDF ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပြည်သူလူထုအားကာကွယ်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်အား တော်လှန်ရင်း လက်နက် (၂) လက် မိုင်း(၂)လုံးနှင့်အတူ သူရဲကောင်း (၄) ဦးကျဆုံးခဲ့ရကြောင်း Fox Army - HPDF ကဖော်ပြသည်။

စစ်ကောင်စီတပ်သား အလောင်းများအား တိုက်ပွဲဖြစ်ရာအနီးရှိ ပြည်သူတဲတစ်လုံးထဲထည့်ကာ မီးရှို့ထားခဲ့ကြောင်း သိရသည်။


PDF Newsflash

ထီးချိုင့်တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲပြင်းထန်ခဲ့ပြီး စကစတပ်သား (၂၄) ဦးသေဆုံးကာ တပ်ကြပ်အပါအဝင် (၆) ဦးဒဏ်ရာရ ထီးချိုင့်တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲပြင်းထန်ခဲ့ပြီး စကစတပ်သား (၂၄) ဦးသေဆုံးကာ တပ်ကြပ်အပါအဝင် (၆) ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.