ကျောက်တန်းမြို့ လျှပ်စစ်ရုံး တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေ


ရန်ကုန်တိုင်း ကျောက်တန်းမြို့ရှိ မြို့နယ်လျှပ်မန်​နေဂျာရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချေဂွေဗားရား​ပြောက်ကျားတပ်ဖွဲ့ကျောက်တန်း (CRF)က ယနေ့(မတ် ၅) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို Che-Guevara Revolution Force (Kyauktan)နှင့် Thongwa Youth Force (TYF)တို့ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီ ၄၅မိနစ်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် မီတာရုံးရှေ့ရှိ အစောင့်ဂိတ်မှ စစ်ကောင်စီတပ်သားတစ်ဦး နေရာတင်ပွဲခြင်းပြီးသေဆုံးပြီး ထိခိုက်သေဆုံးမှုအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း CRFက ထုတ်ပြန်သည်။

CRFအနေဖြင့် ကျောက်တန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင်များကို သတိပေးတော့မည်မဟုတ်ဘဲ ပြတ်ပြတ်သားသားရှင်း လင်းတော့မည်ဖြစ်၍ တော်လှန်ရေးအောင်မြင်ရန် ပြည်သူများမှ ကူညီပံ့ပို့ပေးကြရန် တိုက်တွန်းထားသည်။


People's Spring 

ကျောက်တန်းမြို့ လျှပ်စစ်ရုံး တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေ ကျောက်တန်းမြို့ လျှပ်စစ်ရုံး တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေ Reviewed by THITHTOOLWIN on 22:23 Rating: 5

No comments:

Powered by Blogger.