ဖာပွန်တိုက်ပွဲ စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးပြီး (၁၆) ဦး အရှင်ဖမ်းမိခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့
မတ် ၁၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ပေါ်ထဒေသ၌ KNU တပ်မဟာ (၅) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးကာ (၁၆) ဦးကိုမူ လက်နက်ခဲယမ်းမျိုးစုံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း KNU သတင်းရင်းမြစ်များမှ ထုတ်ပြန်သည်။
ဒွယ်လိုးမြို့နယ်၊ မယ်ပေါ်ထဒေသတွင် KNU တပ်မဟာ (၅) နှင့် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်၏ ခလရ (၉၇) တပ်တို့ ယမန်နေ့ မနက် ၁၁ နာရီမှစ၍ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးကာ (၁၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက် (၂၉) လက်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သား (၁၆) ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း KNU သတင်းရင်းမြစ်ကဖော်ပြသည်။
PDF Newsflash
ဖာပွန်တိုက်ပွဲ စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးပြီး (၁၆) ဦး အရှင်ဖမ်းမိခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့
Reviewed by THITHTOOLWIN
on
03:45
Rating:
No comments:
Post a Comment