ကျောက်တန်းမြို့ မီးပြစံပြကျေးရွာတွင် ယနေ့မနက် အကြမ်းဖက်စစ်တပ်မှ ကင်းလှည့်ဖို့ထွက်ခွာလာစဥ် လမ်းတစ်နေရာ၌ သေနတ်ကျည်ထွက်ပြီး တပ်ရင်းမှူးတစ်ဦး နံရိုးထိမှန်
Photo - KyaukTan Information |
(မတ် ၁၁)
ကျောက်တန်းမြို့နယ် မီးပြစံပြကျေးရွာတွင် ယနေ့မနက် ၈ နာရီခွဲ၀န်းကျင်တွင် အကြမ်းဖက်စစ်တပ်မှ ကင်းလှည့်ရန်ထွက်ခွာလာစဥ် မီးပြကျေးရွာ ရွာလယ် လမ်းမတစ်နေရာ၌ သေနတ်ကျည်ဆံ ထွက်ပြီး တပ်ရင်းမှူးတစ်ဦး နံရိုးကျည်ထိမှန်ခဲ့ကြောင်း သိရပါသည်။
ဖြစ်စဥ်မှာ အကြမ်းဖက်စစ်တပ်မှ စစ်ဗိုလ်တစ်ဦးသည် ကျည်ညှပ်နေသော သေနတ်ကို ကျည်ဆံထုတ်ရန် အဖြုတ်အတပ်လုပ်နေစဥ် ကျည်ထွက်ပြီး တပ်ရင်းမှူး နံရိုးအား ကျည်ထိမှန်ခဲ့ကြောင်း သိရပြီး ချက်ခြင်းဆိုသလို ၎င်းကျည်ထိမှန်ခဲ့သော တပ်ရင်းမှူးအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။
ထို့နောက် ပြစ်မှုကျူးလွန်ခဲ့သော ၎င်းစစ်ဗိုလ်အား အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း သိရပါသည်။ မီးပြစံပြကျေးရွာသည် ပင်လယ်ထွက်ပေါက်တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်တပ် တပ်စွဲထားရာ နေရာတစ်ခုလည်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရပါသည်။
Khayan Channel
No comments:
Post a Comment