ညောင်ရွှေရှိ ဒလန်တစ်ဦးအား သွားရောက်ပစ်ခတ်ရှင်းလင်းရာ ကျည်ညှပ်နေ၍ တစ်ချက်သာ ပစ်ခတ်ခဲ့ရဟုဆို


မဲခေါင်၊ မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ ဒလန်တစ်ဦးအား သွားရောက်ပစ်ခတ်ရှင်းလင်းရာ ကျည်ညှပ်နေ၍ အပြီးတိုင်ပစ်ခတ်ရှင်းလင်းနိုင်ခြင်းမရှိဘဲ တစ်ချက်သာ ပစ်ခတ်ခဲ့ရပြီး ခန္ဓာကိုယ်ကျည်ထိမှန်ပြီး လဲကျသွားကြောင်း မြေအောက်တော်လှန်ရေးအဖွဲ့(UGR)ထံမှ သိရသည်။

ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာရှိ စစ်ကောင်စီခန့် ရာအိမ်မှူး ဒလန်ကျော်စိုးမင်းဆိုသူအား မတ်လ ၁၉ရက်၊ ည‌နေ ၃နာရီဝန်းကျင်အချိန်ခန့်က သွားရောက်ပစ်ခတ်ရှင်းလင်းရာ UGR ရဲဘော်များအား တပ်ဆင်ပေးထားသည့် လက်နက်များမှာ အဟောင်းများဖြစ်သည့်အတွက် တစ်ချက်ပစ်ခတ်ပြီး ခန္ဓာကိုယ်ကျည်ထိမှန်လဲကျသွားချိန်တွင် ကျည်ညှပ်နေ၍ အပြီးတိုင်ပစ်ခတ်ရှင်းလင်းနိုင်ခြင်းမရှိဘဲ ပြန်လှည့်ခဲ့ရကြောင်း မြေအောက်တော်လှန်ရေးအဖွဲ့(UGR)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လက်နက်တွေက တစ်ပါတ်ရစ်တွေဆိုတော့ ကျည်ညှပ်သွားတာ။ ဆက်ပစ်လို့ မရတာနဲ့ ပြန်လှည့်ခဲ့ရတယ်။ ခန္ဓကိုယ်ကိုတော့ ထိမှန်ပြီး လဲကျသွားတယ်။ အသက်တော့ မသေသွားနိုင်ဘူးပေါ့။ လက်ရှိမှာတော့ သူက အောင်ပန်းကုတင် ၇၀၀စစ်ဆေးရုံမှာ ဆေးကုသနေရပါတယ်” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ လက်နက်ချို့ယွင်းမှုကြောင့် အပြီးတိုင်မသုတ်သင်နိုင်ခဲ့သည့်အတွက် ပြည်သူများအား အားနာကြောင်းနှင့် နောက်တစ်ကြိမ် ထပ်မံသုတ်သင်ရှင်းလင်းနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု အဆိုပါရဲဘော်က ဆက်ပြောသည်။

အလားတူ CDM ၀န်ထမ်းများအား ဖိအားပေး ခြိမ်းခြောက်လျက်ရှိသော အင်းတိန်ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးအားလည်း ၎င်းတို့လုပ်ရပ်များကို ရပ်တန့်ခြင်းမရှိပါက သုတ်သင်ရှင်းလင်းသွားမည်ဟုလည်း မြေအောက်တော်လှန်ရေးအဖွဲ့(UGR)က သတိပေးထားသည်။


MeKong News - မဲခေါင်သတင်း

ညောင်ရွှေရှိ ဒလန်တစ်ဦးအား သွားရောက်ပစ်ခတ်ရှင်းလင်းရာ ကျည်ညှပ်နေ၍ တစ်ချက်သာ ပစ်ခတ်ခဲ့ရဟုဆို ညောင်ရွှေရှိ ဒလန်တစ်ဦးအား သွားရောက်ပစ်ခတ်ရှင်းလင်းရာ ကျည်ညှပ်နေ၍ တစ်ချက်သာ ပစ်ခတ်ခဲ့ရဟုဆို Reviewed by THITHTOOLWIN on 19:06 Rating: 5

No comments:

Powered by Blogger.