မအူပင်မြို့တွင် အုပ်စုဖွဲကာ ဒေသခံများ ဖမ်းဆီးငွေညှစ်မှုများပြုလုပ်နေသည့် ရှေ့နေ၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် အပစ်ခံရ


မအူပင်၊ မတ်လ ၂၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် အုပ်စုဖွဲကာ ဒေသခံများ ဖမ်းဆီးငွေညှစ်မှုများပြုလုပ်နေသည့် တရားလွှတ်တော်ရှေ့နေ၏ နေအိမ်အား မတ်လ ၁၉ ရက်နေ့ ညပိုင်းက လက်လုပ်ဗုံးဖြင့် အပစ်ခံရကြောင်း သတင်းရရှိသည်။

တရားလွှတ်တော်ရှေ့နေ မျိုးနိုင်၏ အမှတ် (၆) ရပ်ကွက်ရှိ နေအိမ်အား မတ်လ ၁၉ ရက်နေ့ ညပိုင်းက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခြင်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

" အဲဒီရှေ့နေက အုပ်စုဖွဲ့ပြီးသတင်းပေးဒလန်အကြီးစားလုပ်နေတာလေ။ နိုင်ငံရေးပါတီတွေ အောင်နိုင်ရေးလုပ်တုန်းကလည်း NLD ပါတီကပြည်သူအချို့ကို မဲမသမာမှုလုပ်တယ်ဆိုပြီး တရားစွဲတာတွေလုပ်ခဲ့သေးတယ်လေ။ ခုစစ်တပ်က အာဏာသိမ်းပြီးတော့ပိုဆိုးသွားတာပေါ့။ သူကအုပ်စုဖွဲ့နေတာလေ။ လာသမျှစစ်ကောင်စီတပ် ရဲစခန်းမှုးတွေနဲ့ပေါင်းပြီးလုပ်စားနေတာ " ဟု မအူပင်မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ရှေ့နေမှာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး​ဖြစ်ပြီး လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်ပါးစေ စစ်တပ်၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဒေသခံပြည်သူများအပေါ် စွပ်စွဲဖမ်းဆီးကာ ငွေတောင်းယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

" သူက အရင်ကတည်းက လူသတ်မှုတစ်ခုကိုတောင် ကွင်းလုံးကျွတ် လွတ်အောင် လုပ်ခဲ့ဘူးတယ်။ မအူပင်မြို့နယ်မှာဆိုရင်လည်း အုပ်စုဖွဲ့ပြီး အမှုသည်တွေဆီမှာငွေတောင်းကြမ်းခဲ့ဘူးတယ်။ ရှေ့နေ၊တရားသူကြီး ဥပဒေအရာရှိကအစ သူကိုမကျော်နိုင်အောင် အမှုပွဲစားလုပ်တာ။ ခုစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမှတ် ၆ ရပ်ကွက်ထဲမှာလည်း သူတို့မိသားစု ကို ဘယ်သူမှမလှန်ရဲဘူး။ ခုလည်း သူအိမ်ကို ဗုံးနဲ့ ပစ်တယ်လို့ကြားတယ်။ ဗုံးကမကွဲပဲ အနီးအနားက ပြည်သူတွေ စွပ်စွဲဖမ်းဆီးခံနေရတယ်" ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ ဗုံးဖြင့်ပစ်ခတ်ခံရပြီးနောက် ၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူအချို့အား စွပ်စွဲဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။


Ayeyarwaddy Times 

မအူပင်မြို့တွင် အုပ်စုဖွဲကာ ဒေသခံများ ဖမ်းဆီးငွေညှစ်မှုများပြုလုပ်နေသည့် ရှေ့နေ၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် အပစ်ခံရ မအူပင်မြို့တွင် အုပ်စုဖွဲကာ ဒေသခံများ ဖမ်းဆီးငွေညှစ်မှုများပြုလုပ်နေသည့် ရှေ့နေ၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် အပစ်ခံရ Reviewed by THITHTOOLWIN on 19:07 Rating: 5

No comments:

Powered by Blogger.