စစ်တပ်ထုတ်ကုန်ရောင်းဝယ် ဖောက်ကား သူံးစွဲခြင်းမပြုရန် ဗုံးခွဲတိုက်ခိုက်သတိပေး


မတ် ၁၀

စစ်ကိုင်းမြို့နီလာဦးရပ်ကွက်ရှိ Classic 3 KTV နှင့် C One Nine KTV တို့ကို မတ်လ ၁၀ရက်နေ့ ည ၈:၂၀နာရီအချိန်ဝန်းကျင်က Dragon King ပျောက်ကြားတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်သတိပေးမှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းမြို့အတွင်းရှိ စတိုးဆိုင်၊ ဘီယာဆိုင်၊ KTV နှင့် ဖုန်းဆိုင်များ အားလုံး စစ်ကောင်စီထုတ်ကုန်မှန်သမျှရောင်းချခြင်း၊ ဝယ်ယူခြင်းမပြုရန် Dragon King ပျောက်ကြားတပ်ဖွဲ့မှအထူးမေတ္တာရပ်ခံပါတယ်လို့ ပြောကြားပါတယ်။

စစ်ကောင်စီထုတ် ဘီယာ၊ Mytel ဖုန်းဘေ ဆင်းကဒ်တို့အားဝယ်ယူအသုံးပြုခြင်းမရှိဘဲပါဝင်ပေးပါရန်၊ လိုက်နာခြင်းမရှိပါက ယခုကဲ့သို့ သတိပေးခြင်းမပြုဘဲ ပြင်းထန်စွာတိုက်ခိုက်မည်လို့ Dragon King ပျောက်ကြားတပ်ဖွဲ့မှပြောပါတယ်။

စစ်ကောင်စီထုတ်ကုန် ရောင်းဝယ်ဖောက်ကားသုံးစွဲပါက ဖြစ်ပေါ်လာမည်ပြဿနာသည် မိမိတို့၏ တာဝန်သာဖြစ်ကြောင်းအသိပေးအပ်တယ်လို့ ပြောကြားထားပါတယ်။


စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်တပ်ထုတ်ကုန်ရောင်းဝယ် ဖောက်ကား သူံးစွဲခြင်းမပြုရန် ဗုံးခွဲတိုက်ခိုက်သတိပေး စစ်တပ်ထုတ်ကုန်ရောင်းဝယ် ဖောက်ကား သူံးစွဲခြင်းမပြုရန် ဗုံးခွဲတိုက်ခိုက်သတိပေး Reviewed by THITHTOOLWIN on 19:27 Rating: 5

No comments:

Powered by Blogger.