မြင်းမူ၊ မတ်၂၅၊ ၂၀၂၂။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မနေ့ညက ကင်းပတ်ချိန်မှာ PDF ၄ဖွဲ့က ခြုံခိုတိုက်ခိုက်တာ ခံရလို့ စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး ၆ဦးဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
ခြုံခိုတိုက်ခိုက်တာမျိုးဖြစ်တာကြောင့် အပြန်အလှန်ပစ်ခတ်တာမျိုးမရှိပဲ လှည့်ကင်းပတ်နေတဲ့ တပ်သားတွေ ဒဏ်ရာရရှိခဲ့ပြီး ပွဲချင်းပြီး သေဆုံးတာမျိုးမရှိပေမယ့် ဒဏ်ရာပြင်းထန်လို့ ၂ဦး သေဆုံးခဲ့တယ်လို့ Myaung Revolution Army တာဝန်ခံက ပြောပါတယ်။
"အင်အားကတော့အများကြီးတော့မဟုတ်ဖူးဗျ၊အဲဒါကိုကျနော်တို့ကလက်နက်နဲ့ပစ်တယ်ပေါ့၊ကျနော်တို့ကခြုံခိုတိုက်ခိုက်တာဆိုတော့တိုက်ခိုက်ပြီးတော့ ရဲဘော်တွေဘေးကင်းလုံခြုံရာကိုပြန်လည်ဆုတ်ခွာတာ၊ ကျနော်တို့ပစ်ခတ်ပြီးတဲ့အချိန်မှာတော့ လူနာတင်ကား ၃ စီး ချက်ခြင်းရောက်လာတယ်၊ လူနာတင်ကား ၃ စီးနဲ့တင်သွားတယ်" လို့ ပြောပါတယ်။
ဒဏ်ရာအပြင်းအအထန်ရရှိခဲ့တဲ့ စစစ်ကောင်စီတပ်သား ၈ဦးမှာ ၂ဦးကတော့ မနေ့က ည ၇နာရီခွဲဝန်းကျင်မှာ သေဆုံးခဲ့ပြီး အဲ့ဒီခြုံခိုတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)၊စစ်ကိုင်းခရိုင် တပ်ရင်း(၁) အရန်တပ်ခွဲ(၁)၊Knight Kommanders(MMU)နှင့်Zarmani Revolution Force ပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment