ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးဘက်သို့ တက်လာသည့် စစ်ကား ၃၀ စီးပါ ယာဉ်တန်းကို CNA ချင်းအမျိုးသားတပ်က မတ်လ ၂ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄၀ ကျော် သေဆုံးနိုင်ကြောင်း CNA သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်၏စစ်ကား အစီး ၃၀ ပါ စစ်ယာဉ်တန်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းတွင် ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်များက လမ်းတစ်လျှောက် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
မတ်လ ၂ ရက်နေ့တွင်မူ CNA က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားများ ထိမှန်ပြီး စစ်သား ၄၀ ကျော်သေဆုံးကြောင်း သိရှိရသည်။
𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬
ဖလမ်းမှ ဟားခါးဘက်သို့ တက်လာသည့် စစ်ကား ၃၀ စီးပါ ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၄၀ ကျော်သေဆုံး
Reviewed by THITHTOOLWIN
on
23:49
Rating:
No comments:
Post a Comment